Thursday, August 15, 2013

အဆိပ်သင့်စေသော ရောဂါပိုး ပါဝင်သော Dumex နှင့် Abbot နို့မှုန့်များ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းမှုများပြုလုပ်

                                     
                                                               သတင်းဓာတ်ပုံ




ကလေးနို့မှုန့် ထုတ်လုပ်သည့် ဈေးကွက်တွင် အခိုင်အမာနေရာ ရရှိထားသော Dumex မှ ၄င်း၏ ပစ္စည်းများ အတွင်း ကလော့စ် စတီးရီးယမ်း ဘောကျူလစ်ဇင် ခေါ် ရောဂါပိုးများ ပါဝင်နေသည့် နို့မှုန့် ပစ္စည်းများ ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်း နေပြီဖြစ်သည်။

အဆိုပါ ရောဂါပိုးမှာ အဓိကအားဖြင့် ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်ပျက်စီးစေ ပြီး အသက်သေ ဆုံးနိုင်သည်အထိ အန္တရာယ်ရှိ သည်ဟုသိရပြီး၊ အချို့သော အကြမ်းဖက်အဖွဲ့အစည်း များတွင် ဇီဝဓာတုလက်နက် အဖြစ် ရည်ရွယ် အသုံးပြုမှုများလည်း ရှိသည်။

Fonterra နို့ထွက်ပစ္စည်း ကုမ္ပဏီမှ ကုန်ကြမ်းများ အတွင်း ယင်း ရောဂါပိုးများ ပါဝင်နေသည်ဟု ကြေငြာလိုက်ပြီး ချိန်မှ စပြီး တရုတ်၊ ထိုင်း၊ စင်ကာပူ ၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ စသည့် နိုင်ငံများမှ Dumex နို့မှုန့် များကို လိုက်လံ သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

ပြန်လည်သိမ်းယူခဲ့သည့် နို့မှုန့် များထဲတွင် Dumex Dupro, Dumex Mamil Gold, Precinutri စသည့် အမှတ်တံဆိပ်များ ပါဝင်နေသည်။

Dumex သည် မြန်မာနိုင်ငံတွင်လည်း ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် နို့မှုန့် တစ်မျိုးဖြစ်ပြီး ၊ ယခုအချိန်အထိ ၄င်းတို့၏ အဆိပ်သင့်စေနိုင်သော နို့မှုန့်များကို ပြန်လည် သိမ်းဆည်းခြင်း မပြုသေးဘဲ ဈေးကွက်အတွင်း ဆက်လက် ရောင်းချဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန မှလည်း ယင်းကဲ့သို့ အန္တရယ်ရှိနို့မှုန့်များနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်မှုများ မတွေ့ရှိရသေးချေ။

Dumex သာမက Abbot ကုမ္ပဏီကလည်း ယင်းတို့ ၏  နို့မှုန့်များကို ဗီယက်နမ်နိုင်ငံတွင် ပြန်လည် သိမ်းယူမှုများ ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံမှ လည်း Dumex နှင့် Abbot ကုမ္ပဏီ များကို ဈေးကွက်အတွင်းရှိ ယင်းတို့၏ နို့မှုန့် များကို ပြန်လည်သိမ်းယူရန် အမိန့်ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment