Wednesday, April 29, 2015

အမျိုးသမီးတစ်ယောက် အိမ်သာတွင် spuer glue (ဆင်ကော်) တွေနဲ့ကပ်ပြီး ထလို့မရ၊ ကယ်ဆယ်ရေးတွေက ကယ်





အမျိုးသမီးတယောက် သန့်စင်ခန်းသွားရာက (Super Glue) မြန်မာတွေအခေါ် ဆင်ကော်တွေကပ်နေ တာ ကြောင့် အိမ်သာက ထလို့မရပဲ အခက်အခဲဖြစ်ခဲ့ရလို့ ကယ်ဆယ်ရေးတွေက ကယ်ယူခဲ့ရပါတယ်။

ဂျော်ဂျီယာ၊ Banks County က DYI စတိုးတခုတွင်းက သန့်စင်ခန်းကို သွားခဲ့တဲ့ အသက် ၄၀ အရွယ် အမျိုးသမီးဟာ အိမ်သာခုံမှာ တစုံတယောက်က နောက်ပြောင်းကျီစယ်လိုတဲ့သဘောနဲ့ ဆင်ကော်တွေ ကပ်ထားတာ မသိလိုက်ပဲ သွားမိရာက တင်ပါးအရေပြားတွေဟာ ဆင်ကော်တွေနဲ့ကပ်နေခဲ့တာပါ။

 သူလည်း သိလိုက်တဲ့အချိန်မှာ အော်ပြီး အကူအညီတောင်းခဲ့တာပေါ့။ နောက်တော့ ကယ်ဆယ်ရေး အဖွဲ့တွေ က သူ့ကို ကယ်တင်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ဆင်ကော်တွေထိကပ်ခဲ့တဲ့ သူ့တင်ပါးက အရေးပြားတွေမှာတော့ ဒဏ်ရာတွေ တော်
တော် များသွား တယ်လို့ ဆိုတယ်။ အခုတော့အမျိုးသမီးဟာ နေကောင်းကျန်းမာလာပေမယ့် ထိုင်လို့တော့ မရသေးပါ ဘူးတဲ့။

အခုလို ဒီအမျိုးသမီး အိမ်သာတက်ရင်း ဆင်ကော်တွေကပ်ပြီး ဒုက္ခရောက်ရတဲ့ အဖြစ်ဟာ ကြံကြံဖန် ဖန် နောက်တတ်သူတွေက လုပ်သွားတယ်ဆိုတာ ဖြစ်နိုင်လို့ ဘယ်သူ လုပ်သွားသလဲ ဆိုတာ စီစီတီဗွီ ကို ပြန်ကြည့်ပြီး သက်ဆိုင်ရာက စုံစမ်းနေ ပါတယ်လို့ သိရပါတယ်။

တကယ်တော့ ဒီလိုကိစ္စမျိုးဟာ နောက်ပြောင်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ တပါးသူ အတော် ဒုက္ခရောက်သွား တာ ကို ရယ်စရာအဖြစ် မြင်လိုတဲ့ စိတ်ဓာတ်ဟာ အတော်သေးသိမ်ပါတယ်။

ဒါလိုနောက်ပြောင်မှုမျိုး မြန်မာနိုင်ငံမှာ လည်း မရှိဘူးလို့ ပြောလို့မရပါဘူး။ ရှိခဲ့ရင်လည်း ကျမတို့ မြန်မာ့ လူ့အဖွဲ့အစည်း က ပညာပေးသင့်ပါတယ်။

ဦးစိုးမြင့် (မေတ္တာရှင် ရွှေပြည်သာ ဆရာတော်ဟောင်း)၏ အိမ်ထောင်ရေး နောက်ဆက်တွဲ သတင်းများစွာ ထွက်ပေါ်





“ကလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေတာတော့ တပည့်တော် ရင်နာတယ် ဘုရား” လူမှုရေး စာမျက်နှာ တစ်ခုမှ စတေးတပ်တစ်ခု


မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် ဘ၀မှ လူဝတ်လဲကာ အိမ်ထောင်ပြုသွားသော ဦးစိုးမြင့်၏ အိမ်ထောင်ဘက်နှင့် ပတ်သတ်၍ နောက်ဆက်တွဲ ကောလဟာလများစွာ ပေါ်ထွက်လျက် ရှိနေကြောင်း သိရသည်။

အဆိုပါ ကောလဟာလများမှာ လူမှုရေး စာမျက်နှာ အချို့တွင် ပျံ့နှံ့လျှက်ရှိနေကာ ယင်းနှင့်ပတ်သတ်၍ ဦးစိုးမြင့်နှင့် ယင်း၏ မိသားစုဝင်များအား Tomorrowဂျာနယ်မှ ဆက်သွယ်သော်လည်း အဆက်သွယ် မရခဲ့ပေ။

“လူမှုရေး စာမျက်နှာတွေမှာ ပထမဆုံး တတ်လာတဲ့ စာသားက “ကလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေလို့ တပည့်တော် ရင်နာတယ် ဘုရား”ဆိုတဲ့ စာသားပါ၊ အဲ့ဒီစကား မြင်ရတာ အတော်လေး စိတ်မကောင်း ဖြစ်မိတယ်၊ အားလုံးလည်း ၀ိုင်းပြီး ပြောထားကြပါတယ်။ အဲ့ဒီ စတေးတပ် တင်သူဟာ ပရိုဖိုင်းပုံ အမှန်နဲ့ အမေရိကန်ကားမှာ နေထိုင်သူ ဖြစ်ပါတယ်”ဟု အဆိုပါ လူမှုရေး စာမျက်နှာအား တွေ့ရှိခဲ့သူ   အွန်လိုင်း အယ်ဒီတာ ကိုကျော်က ပြောကြားခဲ့သည်။

အဆိုပါ သတင်းနှင့် ပတ်သတ်၍ အတည်ပြုနိုင်ခြင်း မရှိသေး သော်လည်းယင်း ကိစ္စများ မှာ လူမှုရေး စာမျက်နှာများတွင် လူသိရှင်ကြား ဖြစ်နေကြောင်း ယင်းကောလဟာလများတွင် ယနေ့ အချိန်ထိ အိမ်ထောင်ဘက် အမျိုးသမီးအား လူသိရှင်ကြား ထုတ်ဖော်မပြခြင်း စသည့် အကြောင်းအရာများ အပေါ်လည်း သံသယ အနေဖြင့် ရှိနေကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားသည်။

ယင်းနှင့်ပတ်သတ်၍ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဘ၀တွင် ယုံကြည် ကိုးကွယ်ခဲ့သည့် တပည့် တစ်ဦးမှလည်း “ထူးဆန်းတယ်ပေါ့နော်၊ ကိုယ်တွေက ယုံကြည်ပြီး ကိုးကွယ်လာတာဆိုတော့ မယုံကြည်နိုင်ဘူး၊ ဒါပေမယ့် ပထမတုန်းက ပြောတာ လည်ချောင်း ပြဿနာ၊ ခါးပြဿနာတွေကြောင့် လူဝတ်လဲတယ်လို့ ကြားတယ်၊ သူများတွေက ပြောတယ် အိမ်ထောင်ပြုတယ်ဆိုတာ၊ ကိုယ်တွေ မယုံဘူး၊ အခုဆို ကြားရတာ အတော်လေး စိတ်ညစ်ရတယ်၊ ယူတဲ့ အမျိုးသမီးမှာ ကလေးနှစ်ယောက်နဲ့ ဆိုတော့ ဘာပြောရမှန်း မသိအောင်ကို နှမြောမိပါတယ်၊ ဒီသတင်း မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းပါတယ်”ဟု ပြောပြခဲ့သည်။

tomorrow

တိရိစ္ဆာန်နှင့် လူ မေထုံမှီဝဲမှုကို ဗြိတိန် အစိုးရက တရားဝင်ခွင့်ပြုချက် ချမှတ်လိုက်သည်ဟုဆို




ယင်းအငြင်းပွားဖွယ်ရာကိစ္စနဲ့  စပ်လျဉ်းပြီး ညဥ့်အတော်နက်သည်အထိ ဆွေးနွေးငြင်းခုန်
ခဲ့ကြပြီးတဲ့နောက် ဗြိတိန် အစိုးရက လူနဲ့ တိရိစ္ဆာန် မေထုံမှီဝဲမှုကို တရားဝင် ခွင့်ပြုချက်
ကို ထုတ်ပြန်ရန် ဗြိတိန် အစိုးရက မဲဆန္ဒပေးခဲ့ကြောင်း သိရှိရပါတယ်။

ပါလီမန်လွှတ်တော် အမတ် အယောက် ၈၀ကျော်က ဗြိတိန် မှာ လူနှင့် တိရိစ္ဆာန် မေထုံမှီဝဲမှုကို တရားဝင်ခွင့်ပြုတဲ့ ပြဌာန်းချက်ကို ထောက်ခံခဲ့တဲ့ သမိုင်းတွင်မယ့် မဲပေးပွဲမှာ တက်ရောက်ခဲ့ကြပါတယ်။။ ပါလီမန် အမတ်များဟာ ကန့် ကွက်မဲ ၇ မဲနဲ့ ထောက်ခံမဲ ၇၈ မဲနဲ့  ယင်းပြဌာန်းချက်ကို မဲပေးခဲ့ကြပါတယ်။

မဲပေးဆုံးဖြတ်ချက်မတိုင်ခင်ထိ ယင်းကဲ့သို့ တိရိစ္ဆာန်နှင့် မေထုံမှီဝဲ မှုဟာ တရားမ၀င်ခဲ့ပါဘူး။သို့ သော် လူအများအပြားက ယင်းလုပ်ဆောင်ချက်ကို ဗြိတိန်မှာ တရားဝင်စေဖို့ အတွက် လူထုစည်းရုံးလှုံဆော်ပွဲတွေ လုပ်ဆောင်လာကြတဲ့အတွက် ဗြိတိန်အစိုးရက ယင်းနဲ့ ပတ်သက်တဲ့ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့  မဲပေးဆုံးဖြတ်ခဲ့တာပါ။



တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံမှုဟာ သူတို့ ကို သတ်ဖြတ်တာနဲ့  ဘာမှမခြားဘူးလို့ ဆို-

လူနဲ့ တိရိစ္ဆာန် လိင်ဆက်ဆံမှုကို ဆန့်ကျင်တဲ့ အဆိုတစ်ရပ်ကတော့ တိရိစ္ဆာန်များဟာ လိင်ဆက်ဆံဖို့  သဘောတူညီချက် မပေးနိုင်တဲ့အတွက် ဒါဟာ တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်ဆက်မှု တစ်ရပ်ပါပဲ လို့ ဆိုပါတယ်။

တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာဟာ ပြည့်တန်ဆာ နဲ့ လိင်ဆက်ဆံတာထက် ပိုပြီးလုံခြုံစိတ်ချရသည်ဟုဆို

-တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာကို ထောက်ခံချက်တစ်ရပ်ကတော့ သင်ဟာ ယင်းသတ္တ၀ါများနဲ့ လိင်ဆက်ဆံရာကနေ STD(လိင်ဆက်ဆံမှုမှတဆင့် ကူစက်သောရောဂါများ) ရောဂါမျိုးတွေ မရနိုင်တဲ့အတွက်ကြောင့် ပိုမိုဘေးကင်းစိတ်ချရတယ်လို့  ဆိုပြန်ပါတယ်။ သို့သော်လည်း အခြားကူးစက်နိုင်တဲ့ ရောဂါမျိုးတွေတော့ ရှိပြီး ပဋိဇီဝဆေးများနဲ့ ကုသလို့ တော့ရတယ်လို့  ဆိုပါတယ်။ တိရိစ္ဆာန်တွေနဲ့ လိင်ဆက်ဆံတဲ့ ဖြစ်ရက်အတောတွင်းမှာ သင့်ကို တိုက်ခိုက်နိုင်တဲ့ အန္တရာယ် တော့ ရှိပါတယ်။ အလားတူ သင့်ကို လူသား ပြည့်တန်ဆာ တစ်ဦးကလည်း သူစိတ်ဆိုးနေတဲ့ အခါ သင့်ကို တိုက်ခိုက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့ ။

ယင်းပြဌာန်းချက်ဟာ ပြည့်တန်ဆာလုပ်ငန်းနဲ့  လူကုန်ကူးမှုကို လျှော့ချပေးလိမ့်မယ်လို့ ဆို

 နောက်ထပ် ထောက်ခံချက်တစ်ရပ်ကတော့ လူတွေဟာ လိင်ဆက်ဆံဖို့ တိရိစ္ဆာန်တွေဆီ ကူးကြတဲ့အခါ ပြည့်တန်ဆာလုပ်ငန်းတွေမှာ သုံးဖို့ လူကုန်ကူးမှုတွေကို လျော့ကျသွားစေမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ တိရိစ္ဆာန် တွေကို လက်ဆက်ဆံဖို့ အတွက် တရားမ၀င် ကုန်သွယ်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာဟာ နိုင်ငံအများစုမှာ တရားမ၀င် ဖြစ်နေတုန်းဆိုပေမယ့် အောက်ပါနိုင်ငံများမှာတော့ သင် တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံခွင့်ကို တရားဝင် ရရှိနိုင်ပါတယ်။ ယင်းနိုင်ငံများက ကမ္ဘောဒီယား၊ဒိန်းမတ်၊ဖင်လန်၊ဟန်ဂေရီ၊ ဂျပန်၊ မက္ကဆီကို၊ဆွီဒင်၊ထိုင်း၊ အမေရိကန်တွင် ၁၆ ပြည်နယ် ၁၆ ခု နဲ့ ယခု ဗြိတိန် တို့ ပဲဖြစ်ပါတယ်။

Zune Thinzar (ဇွန်သဉ္ဇာ) သင်္ကြန်ဖက်ရှင်






ပြည့်တန်ဆာမလေး တစ်ယောက်အကြောင်းပေါ့ ….. ပို့စ်တင်ချိန် - 6/16/2014 04:59:00 PM ပြည့်တန်ဆာမလေး တစ်ယောက်အကြောင်းပေါ့ ….. ဖတ်ပြီးရင်အောက်ကမေးခွန်းလေးလဲဖြေခဲ့နော် ★ ★ ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်းပါအုန်း သခင်မ နားကြားများလွဲ လေသလားကွယ် ။ >>> ဟုတ်ပါတယ် သခင်မ …သခင်မကို အမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်း နေ ပါတယ် …. ★ ★ မဖြစ်နိုင်တာကွယ် … သခင်မဘ၀မှာ အမျိုးသမီးကတွေ့ခွင့်တောင်း တယ်ဆိုတာ မဖြစ်နိင်တာပဲ … သူက ဘယ်သူလဲ … ဘာကိစ္စတဲ့တုန်း … တစ်လကြိုတင် ချိတ်ဆက် ထားခြင်း မရှိရင်သခင်မ ဘယ်သူ့မှ မတွေ့တာ သူမသိ ဘူးလား …။ >>> သိပ်ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက် ပါသခင်မ … ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် သခင်မကိုပဲတွေ့ပါရစေ … သခင်မနဲ့နှစ်ကိုယ်ကြားပြောပါရစေတဲ့ …. ★ ★ ဘုရားဘုရား … ဟုတ်ရဲ့လားကွယ် … ကဲကဲ … ထားပါတော့ သူ့ကိုဖျော်ရည်နဲ့ ဧည့်ခံ ထားလိုက်ပါကွယ် … သခင်မလာခဲ့မယ် ခနစောင့်ဖို့ ပြောထားလိုက်နော် …. > ★ < အင်း …. ကျမလိုပြည့်တန်ဆာတစ်ယောက်ကို …. အမျိုးသမီးတစ်ယောက်က … တွေ့ခွင့် တောင်းတယ် ဆိုပါလား ထူးဆန်လိုက်တာ …. ကိုယ် ကို မှန်ရှေ့မှာတစ်ချက် လှည့်ပတ်ကြည့်လိုက်တယ် …. ပြီးတော့ အပေါ်ရုံ လေးကို အသာအယာ ခြုံပြီး …. ဧည့်ခန်းမဆီကိုထွက်လာခဲ့တယ် …။ အိုး … မျက်နှာလေးက ကျက်သရေရှိသလို အေးချမ်းလှပါလား …. ဧည့်ခန်း စန္ဒကူးညောင်စောင်းမှာ ထိုင်နေတဲ့ ကျမ လောက်မလှပေမယ့် အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ကျက်သရေရှိနေတဲ့ ကျမနဲ့နဲ့သက်တူ၇ွယ်တူလောက်ရှိမယ့် မိန်းခလေး တစ်ယောက် … ကျမဧည့်ခန်း အပြင်အဆင်ခန်းနားပုံကို … စိတ်ဝင်တစားကြည့်ရင်း ကျမ ကို စောင့်နေတာ တွေ့လိုက်ရတယ် …. ★ ★ ကျမ သီရိမာ ပါ …. သူကျမကို မော့ကြည့်ပြီး … ပစပ်အဟောင်းသားနဲ့ခနငေးမောသွားတယ် … ပြီးမှ သတိ ၀င်လာပြီး …. ★ ဒီလောက်လှပ ကျော့ရှင်းပြီး ကျက်သရေရှိလှတာ …. သီရိမာပဲဖြစ်မှာပေါ့ … နိုင်ငံတော်ရဲ့ အချောဆုံး အလှဆုံး ကျက်သရေအရှိဆုံး ဘွဲ့ကိုခံယူထားတာပဲ … ကျမတောင် ငေးမိ သွားရတယ် …. ကျမက ဥတ္တရာပါ …. သုမန သူထေးကြီးရဲ့ ချွေးမပါရှင် … ★ ★ သြော် … နန္ဒသူထေး လေးရဲ့ ကြင်ယာကိုး …. နာမည်ကို ကြားဘူးတာကြာပါပကော ရှင် … သိပ်တော်ပြီး ခင်ပွန်းကိုသိပ်ဂရုစိုက်တဲ့ …. မိန်းမမြတ်လေးတဲ့ … ကျမယုံသွားပြီ … ဒီမယ် … ကျမပြောပြပါအုန်းမယ် …. ဒီနိုင်ငံရဲ့မင်းမျိုးမင်းနွယ် သူထေးသူကြွယ်တွေထဲမှာ … ကျမဆီကို ရောက်မလာတဲ့ တစ်ဦးတည်းသော သူကိုပြပါဆိုရင်လေ …. ရှင့်ရဲ့နူးညံ့ သိမ်မွေ့တဲ့ … ပြုစုမှု အောက်က ရှင့်ခင်ပွန်းပဲရှင် သိရဲ့လား …။ ★ အင်း …. သူ သီရိမာနဲ့မတွေ့ဖူးတာ ကြောင့် သီရိမာဆီမလာတာကြောင့် ကျမမှာ … အခက်တွေတွေ့ပြီး နောက်ဆုံး … ကျမ ကပဲ သီရိမာ ဆီလာပြီး သီရိမာကလာဘို့အကူ အညီတောင်းရတော့ တာပေါ့ရှင် …. ။ ★ ★ ဟင် … ဘယ်လို … ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင် … ထူးဆန်းတာတွေနဲ့ပဲ ကြုံတွေ့ နေရတယ် … တခုခုမှားနေသလားပဲ … ကျမအထင် … အမက ကျမကို ရှင့်ခင်ပွန်းနဲ့ တွေ့စေချင်သလားပဲ …. ဟုတ်လား …. ကျမသိတာက ဂုဏ်သရေ၇ှိအမျိုးသမီးတွေက … သူတို့ ခင်ပွန်းတွေကို … ကျမဆီခြေဦး လှည့်မှာသိတ်ကြောက်ကြတယ်လေ …။ ★ ပြောရမှာတော့အားနာပါတယ် သီရိမာ …. ကျမဖခင် သုမနသူထေးနဲ့ ကျမခင်ပွန်းဟာ … ဗုဒ္ဓရဲ့တရားကို … သက်ဝင်ယုံကြည်မှုမရှိသေးဘူးလေ … ဗုဒ္ဓရဲ့ အဆုံးအမကို လက်မခံ သေးဘူး … ကျမကတော့ ကျမ မိဘတွေလို ဒါန သီလ ဘာဝနာကိုအားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင်သိလား သီရိမာ … ကျမလေ သူနဲ့အကြောင်းပါပြီးကတည်းကစလို့ … ကျမ ကိုလေ ဥပုသ်လေးတောင်စောင့်ခွင့်မပေးပဲ …နေ့စဉ်သူ့ကိုပဲ ပြုစုစေတယ် … ★ ★ ခစ်ခစ် … အမခင်ပွန်းက အမကို သိပ်ချစ်တာပေါ့ …. ★ ဒါချစ်တာလို့ခေါ်လား သီရိမာ …. ပျိုမြစ်မှုတွေကုန်သွားချိန်ရော …. အဆင်းလှတုန်း … အရွယ်နုပျိုတုန်း ကျန်းမာသန်စွမ်းတုန်းတော့ … ချစ်တာပေါ့ … ★ ★ အို … အမ ဥတ္တရာ … ကျမအမေ လဲဒီလိုပဲ သိလား … ဘုရင်မင်းမြတ်ကအစ တစ်နိုင်ငံ လုံး အနမ်းခံရတဲ့ ပန်းကလေး … ဟော သူလဲအိုမင်းရော … ဘယ်သူမှ အရေးမလုပ်တော့ ဘူး …. ခုလဲကြည့်လေ .. ကျမမပါရင် … ဘုရင်မင်းကြီး ဘာပွဲမှလုပ်လို့မရဘူး …. ဘယ်သံတမန် ဧည့်သည်မှ တွေ့လိုမရဘူး … ကျမအားတဲ့ရက်ကို သူညှိပြီးစီစဉ်ရတာ …. ပြောပြစမ်းပါ အမဥတ္တရာ … ကျမရဲ့ ပျိုမြစ်ခြင်းကဘယ်လောက်ထိခံမလဲ … နောက် ငါးနှစ်လား … နောက်ဆယ်နှစ်လား …. သူမက ကျမတို ညီမငယ်လေး တစ်ယောက် လို မြတ်နိုးစွာ ပြုံးကြည့်နေတယ် …. ★ ★ ကျမဘယ်လိုကူညီရမလဲ … ပြောလေ ★ ဆယ့်ငါးရက် တိတိ ကျမအိမ်မှာလာနေပြီး ကျမခင်ပွန်းကို … ခင်ပွန်းတစ်ယောက် လို ပြုစုပေးပါညီမရယ် … ဗုဒ္ဓနဲ့ သံဃာတော်တွေကို … ကျမ ဆွမ်းဖိတ်လုပ်ကျွေးချင်တယ် … သီလဆောက်တည်ချင်တယ် … ဆယ့်ငါးရက်ထဲပါ …. ကျသင့်ငွေကို ခုထဲကပေးခဲ့ပါ့မယ် ညီမရယ် …. ★ ★ ဆယ့်ငါးရက်တောင် … များလှပါလား … ပြီးတော့ အမခင်ပွန်းက ကျမပြုစုလုပ်ကျွေးတာ နှစ်သက်မယ် လို့ အမထင်လားဟင် …. ★ ငါ့ညီမလောက်လှတာ … ရာဇဂြိုဟ်မှာ ရှိလို့လားညီမလေးရယ် …. ပျိုမြစ်မှု နဲ့ … အလှ အပကို ကိုးကွယ်တဲ့ ယောက်ျားတစ်ယောက်က … လောကမှာ အလှဆုံးလို့ ပြောလို့ရတဲ့ ညီမကို မနှစ်သက်ဘူးဆိုရင် .. ကျိန်းသေပြီ … သူဟာယောဂီပဲ … အမခင်ပွန်းအကြောင်း အမသိပါတယ်ညီမငယ် … သူမင်းနဲ့တွေ့တာနောက်ကျတယ်တောင်ထင်မှာ … ။ ★ ★ တစ်ကယ်ဆို ကျမ ဒါမျိုး ရက်ရှည် ပြုစုရတာလက်မခံချင်ဘူး … အားလုံးကို နေ့ပိုင်း နာရီပိုင်း လောက်ပဲပြုစုရတာ .. ဒါပေမယ့် …ခင်ပွန်းအတွက် … ဇနီးကိုယ်တိုင် လာတယ် ဆိုတော့ ကျမလက်ခံလိုက်ပါ့မယ် … ပြီးတော့ဗုဒ္ဓအတွက် ဆိုတဲ့စကား ကိုကြားရတော့ ကျမတို့အနွယ် ရဟန္တာမကြီး အမ္ဗပါလီကို မြင်မိလို့ပါ ….။ ★ ၀မ်းသာလိုက်တာ ညီမငယ် … သာဓု သာဓု သာဓုပါ … ဒါဆို အမ မနက်ဖြန် ရထား လွှတ်လိုက် ပါ့မယ် …. ★ ★ အို … ကိစ္စမရိုပါဘူးအမ … ကျမရထားနဲ့ပဲလာခဲ့ပါ့မယ် …. အခန်း ( ၂ ) > ★< ကျမ ရဲ့ မြင်းဖြူ လေးကောင် ကတဲ့ ရထားလုံး နန္ဒ သူဌေးးလေး အိမ်ရှေ့ ရောက်တယ် ဆိုရင်ပဲ … ကျမနဲ့ အတူပါလာတဲ့ အလုပ်သမားတွေက .. ကျမကို တံခါးဖွင့်ပေးချိန်မှာ … ဥတ္တရာက အိမ်ထဲက ပြုံးရွှင်စွာပြေးထွက်လာပြီး …. ရထားပေါ်ကဆင်းမယ့်ကျမကို သူ့ လက်နှစ်ဖက်နဲ့ ဆီးကြို ဖေးမပါတယ် … အသင့်စောင့်နေတဲ့သူ့အခြွေရံတွေက … ကျမ သေတ္တာတွေကို သယ်သွားကြပါတယ် …. သူကျမလက်ကို ဆွဲပြီး ခမ်းနားလှတဲ့ ဂေဟာကြီးအပေါ်တက်လာခဲ့တယ် …. လှေခါးထိပ် နှစ်ဖက်မှာ မိန်းမပျိုနှစ်ယောက်စီက ကျမတို့ကိုအရိုအသေပေးကြတယ် … ★ ညည်းတို့အရှင် … အခန်းတွင်းမှာလား … >>> ဟုတ်ကဲ့ပါသခင်မ … ဧည့်သည်အတွက် သခင့်အခန်း နဲ့ ကပ်လျှက် အခန်းမှာ ပြင်ထား ပါတယ် …. ။ ★ အေး အေး မင်းတို့လွပ်လပ်စွာနေကြတော့ …. သူကျမကိုလက်ဆွဲခေါ်လာပြီး … ကျမအတွက်ပြင်ထားတဲ့အခန်း လို့ထင်ရတဲ့အခန်း ရှေ့မှာ .. ရပ်ပြီး … ★ ခနတစ်ဖြုတ်နားအုန်းနော်ညီမလေး …. ခနနေ သူဌေးမင်းနဲ့တွေ့ဖို့ အမလာခေါ်မယ်…။ > ★ < သလွန်ပေါ်မှာထိုင်ရင်း ..ကျမဘ၀အကြောင်းစဉ်းစားမိတယ် …. ကျမရဲ့ မိခင်အမည်က သလ္လ၀တီ …. ဗိမ္မိသာရမင်းကြီးရဲ့ အမတ်ချုပ်ကြီးရဲ့ သမီး … ဝေသာလီ ဂဏ နိုင်ငံတွေရဲ့ဥပဒေအရ … နိုင်ငံတစ်နိုင်ငံက … မြင့်မြတ်တဲ့မျိုးနွယ် မိန်းခလေး တစ်ယောက် သိပ်ချော သိပ်လှလို့ ( ၇ ) ပြည်ထောင်မင်းတွေ လာတောင်းရမ်း ယူရပြီ ဆိုရင် …. ဒီမိန်းခလေးကို … နိုင်ငံတော်ရဲ့သမီး … မြင့်မြတ်သူအားလုံးပိုင်သူ … ဆိုတဲ့ဘွဲ့ပေးရတယ် … ဘုရင်ကိုယ်တိုင် …စံနန်း ဥယျာဉ် ဆောက်ပေးရတယ် … မင်းစိုး ရာဇာ နဲ့ ဘုရင် ဘွဲ့ပေး ထားတဲ့ သူဌေးတွေကို … ပြုစုရတယ် …. မင်းခမ်း မင်းနား တွေကို ဦးစီး ရတယ် … တစ်ပြည်ထောင်မင်းတွေကိုဧည့်ခံရတယ် …. စစ်မက်အရေး အရိပ်အမြွက်ရှိရင် …မာယာနဲ့ ညှိနှိုင်းရတယ် … သတင်းနှိုက်ရတယ် ဒီလိုဘွဲ့ပေးလိုက်တဲ့အချိန်မှာ … ကျမမိခင်ရဲ့ချစ်သူ အဘယ မင်းသားက ကျမအမေကို နှစ်ချီပြီး ငှားခဲ့တယ် ( ဥပဒေကိုမှ မလွန်ဆန်နိုင်ပဲကိုး ) ကျမရဲ့မိခင်ဟာ … အဘယ မင်းသားနဲ့ အကြောင်းပြုစုံမက်ပြီး … သားလေးတစ်ယောက် ဖွားမြင်ခဲ့တယ် …. သားယောက်ျားလေး ဂုဏ်မငယ်ရအောင် … အဘယဘုရင်ကိုယ်တိုင် နန်းတွင်းခေါ်ယူ သူ့ရင်သွေးလေးကို ဇီဝက လို့မှည့်ပြီး … နန်းတွင်းမှာထားခဲ့တယ် … ကျမကိုမွေးဖွားခဲ့တဲ့အခါမှာတော့ … မအေတူတဲ့အပြင် ..မအေထက်တောင်နူးညံ့လှပလို့ ….ကျမကို မိခင်ရဲ့အရိုက်အရာကို ဆက်ခံစေခဲ့တယ် … ။ ကျမမိခင်ကြီးကွယ်လွန်တဲ့အခါ … ကျမကိုသိပ်ချစ်တဲ့ ကျမရဲ့ အကိုကြီး ဟာ … သမား တော်ကြီးဇီဝက ဆိုပြီူး ထင်ရှားခဲ့သလို … ကျမဟာလဲ …. ရာဇဂြိုဟ်ရဲ့ ရုပ် အဆင်း အင်္ဂါ ကြန်အင်လက္ခဏာ … ပညာ … အဖြာဖြာနဲ့ပြည့်စုံတဲ့ …. မင်းအသိအမှတ်ပြု … တိုင်းပြည် ရဲ့ အဓိကကျတဲ့ ၀န်ထမ်း တစ်ဦးဖြစ်လာတာပေါ့ …. ဒီလိုနိုင်ငံ့ သမီး ပျိုတွေ ဟာ…. မဟာဆီမဟာ သွေး ပဲဖြစ်ရတယ် လေ …. ကျမတတ်အပ်တဲ့တာဝန် …ဟုတ်လား …အဲ့တာတွေက …. ၁။အကမျိုးစုံ ကပြ သင်ပြတတ်ရတယ် ၂။ တူရိယာပစ္စည်းမျိုးစုံ…တီးတတ်ရတယ် … ၃။ အခါရာသီအလိုက် သင့်တော်တဲ့ဝတ်စားဆင်ယင်မှု ကိုယ်တိုင်ရော… မင်းအခမ်းနားအတွက်ရော…ဘုရင်ကိုပါ…ဆင်မြန်းနိုင်ရတယ် ၄။ ရုပ်နဲ့ လိုက်တဲ့ ခြယ်သပြင်ဆင်မှု ၅။ အိပ်ယာ ကုတင် … ပန်းအလှပြင် ..စံအိမ်တော် ရှုမ၀ကျက်သရေနဲ့ပြည့်စုံအောင် ပြင်ဆင်မှု ၆။ လူအမျိုးမျိုး… နှစ်သက်ပျော်ရွှင်အောင်ပြုစုမှု ၇။ သေရည် သေရက် အမျိုးမျိုး ရောစပ်ရာမှာလိမ်မာမှု ၈။ ကာမမွေ့လျော်ပုံအမျိုးမျိုးအတတ် ၉။ လေး မြှားကျည်..ဒါဏ်ရာခွဲစိတ်ကုသပေးရတဲ့အတတ် ၁၀။ အချက်အပြုတ်ကျွမ်းကျင်လိမ်မာမှု ၁၁။ ပန်းချီ ၁၂။ အ၀တ်အစား တို့ကိုကိုယ်တိုင်စံပြချုပ်လုပ်တတ်မှု ၁၃။ ခလေးသူငယ်တို့အား စောင့်ရှောက်မှုအတတ် ၁၄။ ဘာသာမျိုးစုံကိုရေးနိုင်ဖတ်နိုင်ပြီး …တိုင်းတစ်ပါးမှ ဘုရင် မင်းသား စသည် သံတမန်များကိုပြုစုစဉ် …နိုငငံအတွက်သီတင်းအချက်အလက်များကို … နှိုက်ယူစုံစမ်းခြင်းအတတ် …. ၁၅။ ကွမ်းယာခြင်းအတတ် ၁၆။ အိမ်တွင်းပရိဘောဂနှစ်သက်ဖွယ်ထားသိုခြင်း … ၁၇။ လင်ယောက်ျားနှစ်သက်ကျေနပ်အောင်ပြုစုခြငး အတတ်နှင့်ပြန်လည် သင်ပြခြင်း အတတ် ၁၈။ နို့ ထောပတ် .. မလိုင် …ဒိန်ခဲ စသည်တို့ကိုကိုယ်တိုင်စီရင်ခြင်းအတတ်…။ ဒါ့အပြင် မင်းမှုထမ်းတို့ကိုလဲနိုင်ငံတော်တွက်ကြိုးစားချင်စိတ်ရှိအောင်သီချင်းစပ်ဆို ဖျော်ဖြေ ကပြခြင်း … ရဲစိတ် ရဲမာန်ပြည့်ဝအောင် သီချင်းများစပ်ဖျော်ဖြေပေးခြင်း …ဒါတွေ တတ်ရတာပေါ့ …။ ( ပြည်သူတွေက ဘုရင်ကို တွေ့ရခဲသလို ကျမကိုလဲ တွေ့ခဲ ပါတယ် …. တစ်နှစ်တစ်ကြိမ် နိင်ငံသူနိုင်ငံသားတွေ မင်းမှုထမ်း ရဲမက်တွေကို သီချင်း သီကုံး ဖျော်ဖြေ ရတယ် ပြည်သူ တွေကလဲကျမကို သိတ်မြတ်နိုးတယ် ) ဒါကြောင့် နိုင်ငံတော်ကချေသည်ဆိုတာ …. နိုင်ငံဂုဏ်ဆောင် ပညာရှိ … မင်းမျိုးနွယ် ဆိုပါတော့ ကျမအမေနဲ့ ခေတ်ပြိုင် အမ္ဗပါလီဆိုတဲ့ ဝေသာလီက ကချေသည် ဆိုရင်လေ … မူးကြီး မတ်ကြီးတွေ ထက်တောင် ပညာသာလွန်တဲ့အပြင် … ဟော .. အခုဆိုရင် လေ ... ဗုဒ္ဓရဲ့ သမီးတော် ဘုရင်တောင်ဦးခိုက်ရတဲ့ ရဟန္တာ ထေရီမကြီးးး ဖြစ်နေပြီပေါ့ … အင်း ..ကျမလဲတစ်နေ့နေ့မှာဗုဒ္ဓကို …ယုံကြည်သူဖြစ်မလားမသိဘူး …ဒါပေမယ့် … ကျမ ကတော့ လက်ရှိကျမရဲ့ပျိုမြစ်နုနယ်မှုကို …. သိပ်သဘောကျတယ် …. ကျမ ခြေထောက် လေးတစ်ချက်ခတ်လိုက်တာနဲ့ …. ဘုရင်ကအစ ..မင်းဆွေစိုးမျိုး သူဌေးတွေ ရဲ့ငွေ အား လုံး ကျမခြေထောက်အောက်ရောက်လာတာလေ …. ★ ဒေါက် ဒေါက် … ညီမရေ ..သူဌေးမင်းနဲ့တွေ့ရအောင် … > ★ < သူ့နောက်ကနေ … ခပ်ယို့ယို့လိုက်သွားလိုက်တယ် …. ကျမရဲ့ကပ်လျှက် အခန်းထဲမှာ .. သူဌေးလေးကို .. သလွန်ညောင်စောင်းပေါ် ထိုင်နေတာတွေ့ရတယ် … သူ … သေရည်ကို ရွှေခွက်နဲ့သောက်နေတုန်းအချိန် … ခန့်ငြားမွန်ရည်တယ် … အပူအ ပင် အကြောင့်အကျ … စိတ်သောကကို … သူ့စိတ်ထဲအရောက်မခံ ပုံပဲ … ဥပတိရုပ် ကောင်းသလို … ဥတ္တရာပြောသလိုပဲ … ကာမသုခလ္လိကာနုယောဂ … ကျင့်သုံး အားသန်ပုံပဲ ဆိုတာအကဲခတ်လို့ရတယ် … ဘယ်လိုပဲဆိုဆို … သဘောထားဖြောင့်စင်းပြီး နှစ် လို ဖွယ် အဆင်း ရှိသူ လို့သတ်မှတ်ရမှာပါ…။ ★ သီရိမာ …. ရောက်လာပါပြီ … အရှင့်သား …. > ★ < သူကျမကို လှမ်းကြည့်လိုက်တယ် …ကျမလဲသူ့ကို စိုက်ကြည့်လိုက်တဲ့အချိန်မှာ … ကျိန်း သေပြီ … သူ့အကြည့်ကို ကျမရဲ့ရူပါရုံက သံလိုက်လို ဆွဲဆောင်သွားပြီ… မခွာ တော့ဘူး … သ ဥတ္တရာ ရှိနေတာ မသိတော့ဘူး … ★ ကဲ … သီရိမာ … ကိုယ့်အိမ် … ကိုယ့်ခင်ပွန်းလိုသဘောထား … ပျော်ပျော်နေနော် … အိမ်စေ အမှုလုပ်များ ကလဲ ရှင့်ကို .. ကျမနဲ့မခြား … ခစား ရိုသေကြပါလိမ့်မယ် …. > ★ < ကိုယ့်ခင်ပွန်းလိုသဘောထား … ဒီစကားက ကျမကို ပီတိဖြစ်စေတယ် … ကျမ ဥတ္တရာကိုခေါင်းညှိမ့်ပြလိုက်တယ် … နန္ဒကတော့ ကျမကိုခြေဆုံးခေါင်းဆုံး ကြည့်နေ ရာက မခွာနိုင်သေးဘူး …။ ဥတ္တရာထွက်သွားပါတယ် … သူကျမကိုကြည့်နေတုန်း …. ကျမသူ့နားတိုး သွားလိုက် တယ် … ★ ★ ဘာစကားမှမပြောတော့ဘူးလား … သီရိမာကိုအလိုမရှိဘူးလားဟင် … ★ ★ ★ အို…အို .. ဒီ..ဒီလို မဟုတ်ပါဘူး … ဗြုန်းကနဲဆိုတော့လေ … အံ့သြသွားလို့ပါ … ★ ★ ဘာလို့ … ★ ★ ★ နတ်သမီးတစ်ပါး ကျုပ်ရှေ့ရောက်လာတယ်လို့ … အိမ်မက်များ မက်နေသလားလို့ ပါ … လှလိုက် တဲ့ သီရိမာ၇ယ် … လှလိုက်တာ … ဒီနေ့ဒီရက်ထိ … သီရိမာ ကို … မတွေ့ခဲ့ရ တာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ ...။ > ★ < ကျမလဲသူ့ကိုမြင်မြင်ချင်း စိတ်ဝင်စားမိတယ် … ဒီရက်တွေ သူ ကျမကို သူ့မျက်စိ အောက်က အပျောက်မခံဘူး … နောက်ဆုံး အစားအသောက်ကိုတောင် သီရိမာ ..ပြင်ဆင်ပေးမှ … အ၀တ်အစားကအစ သီရိမာ ဆင်မှ … ကျမတို့ ကမ္ဘာမှာ .. ဥတ္တရာ မရှိတော့ဘူး … ကျေးကျွန်တွေကလဲ ကျမကို … အိမ်ကြီးသခင် … သူဌေးကတော်ကြီးလို ..ရိုကျိုး ခစားကြတယ် … ကျမထင်တယ် .. သူကျမကိုလက်လွှတ်မခံတော့ဘူး … ကျမလဲ အိမ်ထောင်ရှင်မိန်းမတစ်ယောက် လိုပဲနေချင်လာတော့တယ် …. ကျမတို့ … အချိန်တွေကိုမေ့နေကြတယ် …. သူက သူနဲ့ ကျမ စတွေ့တဲ့နေ့ကို သူနဲ့ ကျမရဲ့မင်္ဂလာအထိမ်းအမှတ်နေ့လို့သတ်မှတ်တယ် … သိပ်ပျော်နေခဲ့ကြတာ ..။ ဒီလိုနဲ့နန္ဒသူဌေးရင်ခွင်မှာ ကျမနေနေခဲ့တာ နှစ်ပတ်ပြည့်ခဲ့ပြီ …. အင်း သမဏေ ဏ … သမဏော … ဂေါဏေ ဏ... ဂေါဏော တဲ့ … ကိလေသာတပ်မက်သူနှင့် … တရားကျင့်သူ … နေ့စဉ် ဗုဒ္ဓဝေယျာ ၀စ္စ နှင့် သီလမြဲသူ ဥတ္တရာနှင့် …. ကာမ ကို အလွန်အကြူးတပ်မက်သူ … နန္ဒ … စည်းဝါးမကိုက်နိုင်ပါဘူး …. ကျမ နဲ့ နန္ဒ ကတော့ သံလိုက်နှင် သံကဲ့သို့ …. သိပ်လိုက်ဖက်တယ် …. ပြီးတော့ ကျမတို့နှစ်ယောက် မခွဲနိုင်တော့ဘူး … ကျမစိတ်ကို ကျမသိနေပြီ … ကျမ သူ့ကိုမခွဲနိုင် ဘူး …. မနက်ဖြန်ဆယ့်ငါးရက်ပြည့်မြောက်ပြီ …. လင်သားကင်းမဲ့သောအိမ်သို့ပြန်ရတော့မည် … ငါဒီအိမ်ကိုသိပ်စက်ဆုတ်တယ် …. အကယ်၍ ဥတ္တရာသေပြီး … ငါသာ နန္ဒ ဇနီးဖြစ် ခဲ့သော် … ကျမဆက်၍မတွေးချင်တော့ … ကျမစိတ်ထဲမှာပြင်းပြနေတာ … ကျမသာနန္ဒရဲ့ ဇနီးမယား … ဒီအိမ်ကြီးရဲ့သခင်မ … နန္ဒ သလွန်တက်ကထပြီး … ပြူတင်းပေါက်မှာ သွားရပ်နေတာ တွေ့ရတယ် … ကျမက နန္ဒ မှီဝဲတဲ့ ရသာယနဆေးအတွက် ထောပတ် ပိသာလောက်ကို ..ကြေးအိုးနဲ့ကျိုနေတယ် … ထောပတ်တွေပွက်ပွက်ဆူနေပြီ … ကျမ နန္ဒကို တစ်ချက်လှမ်းကြည့်လိုက်တယ် … သူပြူတင်းပေါက်ကနေ … အောက်ကို ငုံ့ ကြည့် ပီး …. ခေါင်းတညှိမ့်ညှိမ့်နဲ့ ပြုံးပြီး အခန်းထဲပြန်လှည့်ဝင်လာတယ် … ဟင် …သူဘာကြည့်တာလဲ … ဘာလို့ပြုံးတာလဲ … ကျမအပြေးအလွှား ပြူတင်းနားကို သွားကြည့်လိုက်တယ် … ချွေးသံ တရွှဲရွှဲ နဲ့ ဗုဒ္ဓနဲ့ သံဃာတွေအတွက် ဆွမ်းချက်နေတဲ့ … ဥတ္တရာပါလား တောက် … ဒီမိန်းမ … ဟားးးး …. တရားကိုပဲနှစ်သက်တဲ့ မိန်းမမှာ ဘာလို့ အဖိုးတန်လင်ယောက်ျားရှိရတာလဲ … ငါ့လို .. ပညာတတ် အရာရာပြည့်စုံပြီး လင်သားကို မကုန်ခမ်းနိုင်တဲ့ … သာယာမှု ပေးတတ် သူ မှာ ကျတော့ ဘာလို့ လင်သားမရှိရတာလဲ … ကျမ သူမကို စူးစူးရဲရဲ ကြည့်နေချိန်မှာ … သူမကလဲ အမှတ်တမဲ့ … မော့အကြည့် … ကျမကိုလဲတွေ့ရော … လှမ်းပြီး ပြုံးပြတယ် …. ကြည်လင် သန့်ရှင်းတဲ့အပြုံး … ကျမဒေါသကိုဆွစေတဲ့ အပြုံး … ငါ့လောက်မချော တဲ့မိန်း မမှာ … ဘာလို့ဒီလို စွဲမက်ဖွယ် ဖြူစင်အပြစ်ကင်းတဲ့ အပြုံး ရှိနေရတာလဲ …. သင်းက .. ငါ့ကို ခုထိ အနိုင်ယူနေတုန်းပါလားးး … ကျမဘာမှစဉ်းစားမနေတော့ဘူး … မီးဖိုပေါ်က ကျိုက်ကျိုက်ဆူနေတဲ့ ထောပတ်ဆီပူအိုး ကို … သတိထား မ လာပြီး … ဥတ္တရာခေါင်းပေါ် လောင်းချလိုက် ပါတော့တယ် … >>> အမလေး … ဘယ့်နှယ် လုပ်လိုက်တာတုန်း … >>> သခင်မကို ကယ်ကြပါအုန်း ….. ၀ိုင်းအော်ကြသော အသံနှင့်အတူ … ယောက်ျားမိန်းမများ တ၀ုန်းဝုန်း အပေါ်ထပ်သို့ ပြေး တက်လာ ကြပြီး … ကျမကို ဆွဲထုတ် ရိုက်နှက်ကြပါတော့တယ် … သူ့အခန်း ခနပြန်သွားတဲ့နန္ဒလဲ ပြေးထွက်လာပြီး … ★ ★ ★ ဟဲ့ ဟဲ့ သီရိမာကို မင်းတို့ဘယ်လိုပြုနေကြတာတုန်း … ဆိုပြီးတားတယ် … >>> မဟုတ်ဘူး အရှင့်သား … သူသခင်မကို ..ထောပတ် ဆီပူရေတွေနဲ့လောင်းချတယ် အရှင့်သား …. ★ ★ ★ ဟင် … ဥတ္တရာ … ငါ့ရဲ့ဥတ္တရာ … သေရှာပြီလား … > ★ < နန္ဒ အပူတပြင်း ပြေးဆင်းသွားတယ် …. ကျမသိသွားပြီ … ကျမရဲ့ဘ၀အမှန် … ငါကားအခစားး …. ရိုင်းရိုင်းပြောရရင် ကြေးစား …. ဥတ္တရာက နန္ဒရဲ့ ကြင်သူသက်ထား … ဇနီးမယား …. ထာဝရမယားဖြစ်လို၍ ပြုမှား မိသည့်တိုင်အောင် နန္ဒ၏ မေတ္တာစစ်ကား … ငါ့အပေါ်မှာ မဟုတ် … ဥတ္တရာ အပေါ်မှာသာ ရှိတာငါသိရပြီ … ၀ိုင်းဝန်းရိုက်နှက်နေတာကို နာမှန်းမသိတော့ဘူး … ရှက်ခြင်း .. ပူလောင်ခြင်း … ၀မ်းနဲခြင်း … ယူကျုံးမရဖြစ်ခြင်း ရောထွေးနေခဲ့တယ် … ဒီအချိန်မှာပဲ … ဟဲ့ … ဟဲ့ … ငါ့ကျေးဇူးရှင် ခင်ပွန်းမကို အန္တရာယ် မပြုကြနဲ့ ရပ်ကြတော့ တော်တော့ ဆိုပြီး ကျမကိုယ်ပေါ်မှာလှဲချအုတ်မိုးပြီး … ၀င်ကာတဲ့ ဥတ္တရာကိုတွေ့လိုက်ရလျှင်ပဲ … ကျမလန့်လွန်းလို့ ကြက်သေသေသွားခဲ့တယ် …. ထောပတ်ရေတွေတစ်ကိုယ်လုံးရွှဲရွှဲစိုနေပါ လျှက် … ထိုအပူဟာ သူ့မေတ္တာဓါတ်ကို မကျော်လွှားနိုင်ကြောင်း … မျက်စိနဲ့ တပ်အပ်မြင်တွေ့လိုက်ရတယ် …. ★ သူမတော်တဆပြုမိတာဖြစ်မှာပါကွယ် … >>> မဟုတ်ဘူးအရှင်မ .. သူကျကျနနလောင်းလိုက်တာ … ကျမသေသေချာတွေ့လိုက်တယ် …. ★ ကဲ ..တော်ပါပြီ …ထားလိုက်ပါတော့ … ငါ့မှာမှအန္တရာယ်မဖြစ်ပဲကွယ် … စိတ်မဆိုးကြပါနဲ့ … သူဟာ သခင်မတို့ကျေးဇူးရှင်လေ … သူသာ အရှင့်သားကို လာမပြုစုမစောင့် ရှောက်ရင် .. သခင်မတို့လဲ … ၀ိတက် .. ၀ိစာရ ရှင်းရှင်းနဲ့ ဗုဒ္ဓကို ဆွမ်းလုပ်ကျွေး နိုင်မှာမဟုတ်ဘူးလေ … ကြည့်စမ်းပါအုန်း … သူ့ခမျာဒါဏ်ရာတွေတောင်ရနေရှာပြီ … မင်းတို့အားလုံး သူ့ကို တောင်းပန် လိုက်ကြ …. သူကိုယ်တိုင် ပျာပျာသလဲ ဆေးလိမ်းပေးရှာတယ် …. နန္ဒကတော့ ကျမကို စူးစူးဝါးဝါး တစ်ချက်ကြည့်ပြီး အပါးက လှည့်ထွက် သွားတယ် …. ★ ★ ကျမ မှားပါပြီအမရယ် … အမက တစ်ကယ့် သူတော်ကောင်းပါ … ★ မငိုပါနဲ့ ညီမရယ် … မငိုပါနဲ့ … ပုထုဇဉ်ဆိုတာ … ရာဂပွားသလောက် မှားကြတာ ပဲလေ … ★ ★ ကျမတိုခွင့်လွှတ်တာ … အမကို သိပ်အံ့သြမိတယ် …. ကျမကို မမုန်းဘူးလားဟင် …။ ★ ညီမလေးကိုမုန်းလိုက်ရင် …. ထောပတ်ပူတွေဟာ တစ်ကိုယ်လုံးကို … လောင်မြိုက်တော မှာပေါ့ … ကြည့်ပါလား … ညည်းလေးအမ ဘာမ မှ မဖြစ်တာ …။ ဒါဟာ အမက ညီမကိုမမုန်း ဘူဆိုတဲ့ အထင်ရှားဆုံးသက်သေပါပဲညီမလေးရယ် …. ကျမသူ့ကိုဖက်ပြီး အားရပါးရငိုလိုက်တယ် …. အခန်း ( ၃ ) အဲ့ဒီနေ့ကပဲ … ဥတ္တရာရဲ့ အကူအညီနဲ့ … ကျမအိမ်ကိုပြန်ခဲ့တယ် … ဗုဒ္ဓနဲ့ရဟန်း ၅၀၀ အတွက် ဆွမ်း ဆွမ်းဟင်းတို့ကို … တစ်ညလုံးကိုယ်တိုင်ချက်ပြုတ်ခဲ့တယ် …. နောက်တစ်နေ့မှာ … ကျမပိုင်တဲ့ မြင့်ဖြူလေးကောင် ကတဲ့ ရထားလုံးပေါ်မှာ ဆွမ်းဟင်း အပြည့်နဲ့ … ဥတ္တရာအိမ်ကို ဒုတိယအကြိမ် … ရောက်လာခဲ့တယ် …. ပထမတစ်ကြိမ်က … လျှပ်ပေါ်လော်လီသောစိတ်ဖြင့် …ကိုယ်တွင် လှသထက်လှအောင် … မာနဆောင်လာပြီး … တခုတစ်ကြိမ်လာရာမှာတော့ …ကျိုးနွံအောက်ကျို့သော စိတ် … တစ်ညလုံးပင်ပန်း ထား သော်လည်း …. ၀င်ဝါမှုမရှိ ပကာသနမဆန်သောအ၀တ်တို့နှင့် … ဖြူစင် တက်ကြွသော အပြုံးကိုဆောင်လျှက် ….. ဆွမ်းအုတ်ကို ခြေလျှင်သယ်လာသော ကျမကို … လမ်းသွားလမ်းလာများမြင်ပြီး … ပီတိသောမနသ ဖြစ်နေကြပါတယ် … ဗုဒ္ဓကိုတွေ့လိုက်ရတဲ့အချိန်မှာ … လူအားလုံးက ဖခင် လို့ ခေါ်ရတဲ့အကြောင်းရင်းကို သိခဲ့ရတယ် …. ဗုဒ္ဓ ကိုဒီနေ့ဒီရက်ထိ မဖူးတွေ့ပဲနေခဲ့တာ … ကျမကိုယ်ကျမ ခွင့်လွှတ်နိုင်စရာ အကြောင်း မရှိပါဘူး … မိသီရိမာ …. လှလိုက်တဲ့သီရိမာရယ် …လှလိုက်တာ … ဒီနေ့ဒီရက်ထိ …သီရိမာကို … မတွေ့ခဲ့ရတာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ …. ။ မိန်းမယုတ် …. ။ (( ပြန်ကြားယောင်ပြီး ကျမကိုယ်ကျမ ကျိန်ဆဲမိ ပါပြီ ))) ဆွမ်းဘုန်းပေးပြီးနောက် …. ဗုဒ္ဓက ကျမကို ဂရုဏာ အပြည့်ပါတဲ့ အပြုံးနဲ့ လှမ်းကြည့် ပါတယ် … ကျမက ★ ★ ဖခင် … ယမန်နေ့က .. ကျမဟာ … ကျမရဲ့ကျေးဇူးရှင် … ဥတ္တရာကို မပြုကောင်း မပြု အပ သောအရာ … ထောပတ်ဆီပူလောင်းပြီးသေကြောင်းကြံခဲ့ပါတယ် … သူတော် ကောင်း ကိုစော်ကားမိတဲ့အတွက် … ကြီးစွာသော အပြစ်မှ လွတ်မြောက်ချင်တဲ့အတွက် …. ကြီးစွာသော နောင်တတရားနှင့်အတူ … အဖ ဘုရားရှင် ရှေ့မှောက် ရောက်လာခဲ့ ပါတယ် …. ★ ★ ★ ★ ချစ်သမီး …. သူတော်ကောင်းကိုပစ်မှားလျှင် … ကြီးစွာသော အပြစ်ရှိသည်ဟု မှတ်လေ လော့ …. ။ ချစ်သမီး … ချစ်သမီးတဲ့ … ဘ၀မှာ တစ်ခါမှမကြားဖူးခဲ့တဲ့ … လောကမှာ ကျမကို ဒီလို ခေါ်မယ့်သူ မရှိဘူးထင်ထားတာ …. မရှိဖူးတဲ့ ဖခင်ဆိုသူ ဆီက ကြား ချင်ဆုံးစကား …. ဗုဒ္ဓက ချစ်သမီးတဲ့ … ကျမမျက်ရည်တွေကျလာပါတယ် … ။ ★ ★ ★ ★ ချစ်သမီးဥတ္တရာ … ထောပတ်ဆီပူရည်နှင့် လောင်းသောအခါ အသို့ရှိသနည်း …. ★ တပည့်တော်သည် …သီရိမာကျေးဇူးကြောင့် …ဒါနကိုပြုခွင့်ရပေသည် … သီလကို ဆောက်တည်ခွင့် ရပေသည်… ဗုဒ္ဓကို ဖူးတွေ့ဆွမ်းလုပ်ကျွေးခွင့်ရပေသည် …. သီရိမာ ကားကျေးဇူးရှင်ပေတကားဟု … လွန်စွာချစ်ကြည်သော မေတ္တာ ဓါတ်ဖြင့် ခံနေ ပါသည် ဘုရား ။ ★ ★ ★ ★ သာဓု သာဓု သာဓု ဥတ္တရာ … အမျက်စောင်းမာန်ကြီးသူကို …. အမျက်မရှိခြင်းဖြင့်အောင်နိုင်ရာ၏ …။ သူတော်မဟုတ် အကျင့်ယုတ်သူကို …. သူတော်အကျင့်ဖြင့်အောင်နိုင်ရာ၏ ၀န်တိုစဉ်းလဲ … စေးနဲသူကို …. စွန့်ကြဲပေးကမ်း …. လှူဒါန်းခြင်းဖြင့်အောင်နိုင်ရာ၏ …. ချွတ်လွဲဖောက်ပြန် … မမှန်စကားဆိုသူကို … သစ္စာစကားဖြင့်အောင်နိုင်ရာ၏ …. > ★ < ကျမ မျက်ရည်တွင်တွင် စီးကျသည်အထိ ပီတိဖြစ်ခဲ့ရသည် …. သည်မျှသော တရား အစုလေးဖြင့် ကျမစိတ်ကိုချက်ချင်းသိလိုက်ရသည် … အယူအဆအလွဲများ … သို့လောသို့လော တွေဝေမှုများ …. အရေခွံ ကွာကျခဲ့သည် … ဓမ္မအရသာကွန့်မြူးလျှက် … ပီတိဖြင့် ပေါ့ပါးကြည်လျှက်ရှိနေခဲ့သည်။ သံဝေဂတရား ချက်ချင်း ၇ရှိလိုက်သည် … စိတ်သည် … ၀ါဂွမ်းနှယ် ပေါ့ပါး ကြည်လင် သွားခဲ့ရသည် … အိမ်ယာသည် ၄င်း … ဥစ္စာသည် ၄င်း … ကျမ၏ရူပကာယသည်၎င်း … အစရှိသော တပ်မက်မှု အားလုံးတို့သည် …. ကျမစိတ်ထဲမှ အပြီးတိုင် စင်ကြယ်သွားခဲ့သည် …. သာဓု သာဓု သာဓု ချစ်သမီး သီရိမာ …. သင်ချစ်သမီးကား … အရိယာမဂ် ..အယဉ် အဆင့်သို့ … ဆိုက်ရောက်ခိုဝင်ပြီး ဖြစ်ပေပြီ ….။ လောက၏ဖခင် ဗုဒ္ဓ၏ စကားသည် … အမ ဥတ္တရာတို့ တိုက်ကြီးတစ်ခုလုံး သိမ့်သိမ့် တုန်သွား သည်ဟု … ကျမထင်လိုက်မိသည် … ကျမမျက်ရည်တွေကား ရွဲရွှဲစိုလျှက်ပင် ….။ ကဲရှင် သလ္လ၀တီဟာ အဘယ မင်းသားနဲ့အကြောင်းပါပြီး သားတော်ဇီဝကကိုမွေးခဲ့ပါတယ်တဲ့ ဒါဆို အမ္ဗပါလီဟာ ဗိမ္မိသာရနဲ့အကြောင်းပါပြီး သားတော်လေးတစ်ပါးဖွားမြင်ခဲ့တယ် …သူလဲ နာမည်ကြီး ရဟန္တာပဲ အဲ့တာဘယ်သူလဲရှင် ချမ်းမြေ့ကြပါစေရှင် …..

ပြည့်တန်ဆာမလေး တစ်ယောက်အကြောင်းပေါ့ …..




 ပြည့်တန်ဆာမလေး တစ်ယောက်အကြောင်းပေါ့ …..
ဖတ်ပြီးရင်အောက်ကမေးခွန်းလေးလဲဖြေခဲ့နော်

★ ★ ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်းပါအုန်း သခင်မ နားကြားများလွဲ လေသလားကွယ် ။

>>> ဟုတ်ပါတယ် သခင်မ …သခင်မကို အမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်း နေ ပါတယ် ….

★ ★ မဖြစ်နိုင်တာကွယ် … သခင်မဘ၀မှာ အမျိုးသမီးကတွေ့ခွင့်တောင်း တယ်ဆိုတာ မဖြစ်နိင်တာပဲ … သူက ဘယ်သူလဲ … ဘာကိစ္စတဲ့တုန်း …
တစ်လကြိုတင် ချိတ်ဆက် ထားခြင်း မရှိရင်သခင်မ ဘယ်သူ့မှ မတွေ့တာ သူမသိ ဘူးလား …။

>>> သိပ်ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက် ပါသခင်မ … ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် သခင်မကိုပဲတွေ့ပါရစေ … သခင်မနဲ့နှစ်ကိုယ်ကြားပြောပါရစေတဲ့ ….

★ ★ ဘုရားဘုရား … ဟုတ်ရဲ့လားကွယ် … ကဲကဲ … ထားပါတော့ သူ့ကိုဖျော်ရည်နဲ့ ဧည့်ခံ ထားလိုက်ပါကွယ် … သခင်မလာခဲ့မယ် ခနစောင့်ဖို့ ပြောထားလိုက်နော် ….

> ★ < အင်း …. ကျမလိုပြည့်တန်ဆာတစ်ယောက်ကို …. အမျိုးသမီးတစ်ယောက်က … တွေ့ခွင့် တောင်းတယ် ဆိုပါလား ထူးဆန်လိုက်တာ ….

ကိုယ် ကို မှန်ရှေ့မှာတစ်ချက် လှည့်ပတ်ကြည့်လိုက်တယ် …. ပြီးတော့ အပေါ်ရုံ လေးကို အသာအယာ ခြုံပြီး …. ဧည့်ခန်းမဆီကိုထွက်လာခဲ့တယ် …။

အိုး … မျက်နှာလေးက ကျက်သရေရှိသလို အေးချမ်းလှပါလား ….

ဧည့်ခန်း စန္ဒကူးညောင်စောင်းမှာ ထိုင်နေတဲ့ ကျမ လောက်မလှပေမယ့် အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ကျက်သရေရှိနေတဲ့ ကျမနဲ့နဲ့သက်တူ၇ွယ်တူလောက်ရှိမယ့် မိန်းခလေး တစ်ယောက် … ကျမဧည့်ခန်း အပြင်အဆင်ခန်းနားပုံကို … စိတ်ဝင်တစားကြည့်ရင်း ကျမ ကို စောင့်နေတာ တွေ့လိုက်ရတယ် ….

★ ★ ကျမ သီရိမာ ပါ ….

သူကျမကို မော့ကြည့်ပြီး … ပစပ်အဟောင်းသားနဲ့ခနငေးမောသွားတယ် … ပြီးမှ သတိ ၀င်လာပြီး ….

★ ဒီလောက်လှပ ကျော့ရှင်းပြီး ကျက်သရေရှိလှတာ …. သီရိမာပဲဖြစ်မှာပေါ့ … နိုင်ငံတော်ရဲ့ အချောဆုံး အလှဆုံး ကျက်သရေအရှိဆုံး ဘွဲ့ကိုခံယူထားတာပဲ … ကျမတောင် ငေးမိ သွားရတယ် …. ကျမက ဥတ္တရာပါ …. သုမန သူထေးကြီးရဲ့ ချွေးမပါရှင် …

★ ★ သြော် … နန္ဒသူထေး လေးရဲ့ ကြင်ယာကိုး …. နာမည်ကို ကြားဘူးတာကြာပါပကော ရှင် … သိပ်တော်ပြီး ခင်ပွန်းကိုသိပ်ဂရုစိုက်တဲ့ …. မိန်းမမြတ်လေးတဲ့ … ကျမယုံသွားပြီ …

ဒီမယ် … ကျမပြောပြပါအုန်းမယ် …. ဒီနိုင်ငံရဲ့မင်းမျိုးမင်းနွယ် သူထေးသူကြွယ်တွေထဲမှာ … ကျမဆီကို ရောက်မလာတဲ့ တစ်ဦးတည်းသော သူကိုပြပါဆိုရင်လေ …. ရှင့်ရဲ့နူးညံ့ သိမ်မွေ့တဲ့ … ပြုစုမှု အောက်က ရှင့်ခင်ပွန်းပဲရှင် သိရဲ့လား …။

★ အင်း …. သူ သီရိမာနဲ့မတွေ့ဖူးတာ ကြောင့် သီရိမာဆီမလာတာကြောင့် ကျမမှာ … အခက်တွေတွေ့ပြီး နောက်ဆုံး … ကျမ ကပဲ သီရိမာ ဆီလာပြီး သီရိမာကလာဘို့အကူ အညီတောင်းရတော့ တာပေါ့ရှင် …. ။

★ ★ ဟင် … ဘယ်လို … ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင် … ထူးဆန်းတာတွေနဲ့ပဲ ကြုံတွေ့ နေရတယ် … တခုခုမှားနေသလားပဲ … ကျမအထင် … အမက ကျမကို ရှင့်ခင်ပွန်းနဲ့ တွေ့စေချင်သလားပဲ …. ဟုတ်လား ….

ကျမသိတာက ဂုဏ်သရေ၇ှိအမျိုးသမီးတွေက … သူတို့ ခင်ပွန်းတွေကို … ကျမဆီခြေဦး လှည့်မှာသိတ်ကြောက်ကြတယ်လေ …။

★ ပြောရမှာတော့အားနာပါတယ် သီရိမာ …. ကျမဖခင် သုမနသူထေးနဲ့ ကျမခင်ပွန်းဟာ … ဗုဒ္ဓရဲ့တရားကို … သက်ဝင်ယုံကြည်မှုမရှိသေးဘူးလေ … ဗုဒ္ဓရဲ့ အဆုံးအမကို လက်မခံ သေးဘူး … ကျမကတော့ ကျမ မိဘတွေလို ဒါန သီလ ဘာဝနာကိုအားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင်သိလား သီရိမာ … ကျမလေ သူနဲ့အကြောင်းပါပြီးကတည်းကစလို့ … ကျမ ကိုလေ ဥပုသ်လေးတောင်စောင့်ခွင့်မပေးပဲ …နေ့စဉ်သူ့ကိုပဲ ပြုစုစေတယ် …

★ ★ ခစ်ခစ် … အမခင်ပွန်းက အမကို သိပ်ချစ်တာပေါ့ ….

★ ဒါချစ်တာလို့ခေါ်လား သီရိမာ …. ပျိုမြစ်မှုတွေကုန်သွားချိန်ရော …. အဆင်းလှတုန်း … အရွယ်နုပျိုတုန်း ကျန်းမာသန်စွမ်းတုန်းတော့ … ချစ်တာပေါ့ …

★ ★ အို … အမ ဥတ္တရာ … ကျမအမေ လဲဒီလိုပဲ သိလား … ဘုရင်မင်းမြတ်ကအစ တစ်နိုင်ငံ လုံး အနမ်းခံရတဲ့ ပန်းကလေး … ဟော သူလဲအိုမင်းရော … ဘယ်သူမှ အရေးမလုပ်တော့ ဘူး ….

ခုလဲကြည့်လေ .. ကျမမပါရင် … ဘုရင်မင်းကြီး ဘာပွဲမှလုပ်လို့မရဘူး …. ဘယ်သံတမန် ဧည့်သည်မှ တွေ့လိုမရဘူး … ကျမအားတဲ့ရက်ကို သူညှိပြီးစီစဉ်ရတာ …. ပြောပြစမ်းပါ အမဥတ္တရာ … ကျမရဲ့ ပျိုမြစ်ခြင်းကဘယ်လောက်ထိခံမလဲ … နောက် ငါးနှစ်လား … နောက်ဆယ်နှစ်လား ….

သူမက ကျမတို ညီမငယ်လေး တစ်ယောက် လို မြတ်နိုးစွာ ပြုံးကြည့်နေတယ် ….

★ ★ ကျမဘယ်လိုကူညီရမလဲ … ပြောလေ

★ ဆယ့်ငါးရက် တိတိ ကျမအိမ်မှာလာနေပြီး ကျမခင်ပွန်းကို … ခင်ပွန်းတစ်ယောက် လို ပြုစုပေးပါညီမရယ် … ဗုဒ္ဓနဲ့ သံဃာတော်တွေကို … ကျမ ဆွမ်းဖိတ်လုပ်ကျွေးချင်တယ် … သီလဆောက်တည်ချင်တယ် … ဆယ့်ငါးရက်ထဲပါ …. ကျသင့်ငွေကို ခုထဲကပေးခဲ့ပါ့မယ် ညီမရယ် ….

★ ★ ဆယ့်ငါးရက်တောင် … များလှပါလား … ပြီးတော့ အမခင်ပွန်းက ကျမပြုစုလုပ်ကျွေးတာ နှစ်သက်မယ် လို့ အမထင်လားဟင် ….

★ ငါ့ညီမလောက်လှတာ … ရာဇဂြိုဟ်မှာ ရှိလို့လားညီမလေးရယ် …. ပျိုမြစ်မှု နဲ့ … အလှ အပကို ကိုးကွယ်တဲ့ ယောက်ျားတစ်ယောက်က … လောကမှာ အလှဆုံးလို့ ပြောလို့ရတဲ့ ညီမကို မနှစ်သက်ဘူးဆိုရင် .. ကျိန်းသေပြီ … သူဟာယောဂီပဲ … အမခင်ပွန်းအကြောင်း အမသိပါတယ်ညီမငယ် … သူမင်းနဲ့တွေ့တာနောက်ကျတယ်တောင်ထင်မှာ … ။

★ ★ တစ်ကယ်ဆို ကျမ ဒါမျိုး ရက်ရှည် ပြုစုရတာလက်မခံချင်ဘူး … အားလုံးကို နေ့ပိုင်း နာရီပိုင်း လောက်ပဲပြုစုရတာ .. ဒါပေမယ့် …ခင်ပွန်းအတွက် … ဇနီးကိုယ်တိုင် လာတယ် ဆိုတော့ ကျမလက်ခံလိုက်ပါ့မယ် … ပြီးတော့ဗုဒ္ဓအတွက် ဆိုတဲ့စကား ကိုကြားရတော့ ကျမတို့အနွယ် ရဟန္တာမကြီး အမ္ဗပါလီကို မြင်မိလို့ပါ ….။

★ ၀မ်းသာလိုက်တာ ညီမငယ် … သာဓု သာဓု သာဓုပါ … ဒါဆို အမ မနက်ဖြန် ရထား လွှတ်လိုက် ပါ့မယ် ….

★ ★ အို … ကိစ္စမရိုပါဘူးအမ … ကျမရထားနဲ့ပဲလာခဲ့ပါ့မယ် ….

အခန်း ( ၂ )

> ★< ကျမ ရဲ့ မြင်းဖြူ လေးကောင် ကတဲ့ ရထားလုံး နန္ဒ သူဌေးးလေး အိမ်ရှေ့ ရောက်တယ် ဆိုရင်ပဲ … ကျမနဲ့ အတူပါလာတဲ့ အလုပ်သမားတွေက .. ကျမကို တံခါးဖွင့်ပေးချိန်မှာ … ဥတ္တရာက အိမ်ထဲက ပြုံးရွှင်စွာပြေးထွက်လာပြီး …. ရထားပေါ်ကဆင်းမယ့်ကျမကို သူ့ လက်နှစ်ဖက်နဲ့ ဆီးကြို ဖေးမပါတယ် … အသင့်စောင့်နေတဲ့သူ့အခြွေရံတွေက … ကျမ သေတ္တာတွေကို သယ်သွားကြပါတယ် ….

သူကျမလက်ကို ဆွဲပြီး ခမ်းနားလှတဲ့ ဂေဟာကြီးအပေါ်တက်လာခဲ့တယ် …. လှေခါးထိပ် နှစ်ဖက်မှာ မိန်းမပျိုနှစ်ယောက်စီက ကျမတို့ကိုအရိုအသေပေးကြတယ် …

★ ညည်းတို့အရှင် … အခန်းတွင်းမှာလား …

>>> ဟုတ်ကဲ့ပါသခင်မ … ဧည့်သည်အတွက် သခင့်အခန်း နဲ့ ကပ်လျှက် အခန်းမှာ ပြင်ထား ပါတယ် …. ။

★ အေး အေး မင်းတို့လွပ်လပ်စွာနေကြတော့ ….

သူကျမကိုလက်ဆွဲခေါ်လာပြီး … ကျမအတွက်ပြင်ထားတဲ့အခန်း လို့ထင်ရတဲ့အခန်း ရှေ့မှာ .. ရပ်ပြီး …

★ ခနတစ်ဖြုတ်နားအုန်းနော်ညီမလေး …. ခနနေ သူဌေးမင်းနဲ့တွေ့ဖို့ အမလာခေါ်မယ်…။

> ★ < သလွန်ပေါ်မှာထိုင်ရင်း ..ကျမဘ၀အကြောင်းစဉ်းစားမိတယ် ….

ကျမရဲ့ မိခင်အမည်က သလ္လ၀တီ …. ဗိမ္မိသာရမင်းကြီးရဲ့ အမတ်ချုပ်ကြီးရဲ့ သမီး … ဝေသာလီ ဂဏ နိုင်ငံတွေရဲ့ဥပဒေအရ … နိုင်ငံတစ်နိုင်ငံက … မြင့်မြတ်တဲ့မျိုးနွယ် မိန်းခလေး တစ်ယောက် သိပ်ချော သိပ်လှလို့ ( ၇ ) ပြည်ထောင်မင်းတွေ လာတောင်းရမ်း ယူရပြီ ဆိုရင် …. ဒီမိန်းခလေးကို … နိုင်ငံတော်ရဲ့သမီး … မြင့်မြတ်သူအားလုံးပိုင်သူ … ဆိုတဲ့ဘွဲ့ပေးရတယ် …

ဘုရင်ကိုယ်တိုင် …စံနန်း ဥယျာဉ် ဆောက်ပေးရတယ် … မင်းစိုး ရာဇာ နဲ့ ဘုရင် ဘွဲ့ပေး ထားတဲ့ သူဌေးတွေကို … ပြုစုရတယ် …. မင်းခမ်း မင်းနား တွေကို ဦးစီး ရတယ် …

တစ်ပြည်ထောင်မင်းတွေကိုဧည့်ခံရတယ် …. စစ်မက်အရေး အရိပ်အမြွက်ရှိရင် …မာယာနဲ့ ညှိနှိုင်းရတယ် … သတင်းနှိုက်ရတယ်

ဒီလိုဘွဲ့ပေးလိုက်တဲ့အချိန်မှာ … ကျမမိခင်ရဲ့ချစ်သူ အဘယ မင်းသားက ကျမအမေကို နှစ်ချီပြီး ငှားခဲ့တယ် ( ဥပဒေကိုမှ မလွန်ဆန်နိုင်ပဲကိုး )

ကျမရဲ့မိခင်ဟာ … အဘယ မင်းသားနဲ့ အကြောင်းပြုစုံမက်ပြီး … သားလေးတစ်ယောက် ဖွားမြင်ခဲ့တယ် …. သားယောက်ျားလေး ဂုဏ်မငယ်ရအောင် … အဘယဘုရင်ကိုယ်တိုင် နန်းတွင်းခေါ်ယူ သူ့ရင်သွေးလေးကို ဇီဝက လို့မှည့်ပြီး … နန်းတွင်းမှာထားခဲ့တယ် …

ကျမကိုမွေးဖွားခဲ့တဲ့အခါမှာတော့ … မအေတူတဲ့အပြင် ..မအေထက်တောင်နူးညံ့လှပလို့ ….ကျမကို မိခင်ရဲ့အရိုက်အရာကို ဆက်ခံစေခဲ့တယ် … ။

ကျမမိခင်ကြီးကွယ်လွန်တဲ့အခါ … ကျမကိုသိပ်ချစ်တဲ့ ကျမရဲ့ အကိုကြီး ဟာ … သမား တော်ကြီးဇီဝက ဆိုပြီူး ထင်ရှားခဲ့သလို … ကျမဟာလဲ …. ရာဇဂြိုဟ်ရဲ့ ရုပ် အဆင်း အင်္ဂါ ကြန်အင်လက္ခဏာ … ပညာ … အဖြာဖြာနဲ့ပြည့်စုံတဲ့ …. မင်းအသိအမှတ်ပြု … တိုင်းပြည် ရဲ့ အဓိကကျတဲ့ ၀န်ထမ်း တစ်ဦးဖြစ်လာတာပေါ့ …. ဒီလိုနိုင်ငံ့ သမီး ပျိုတွေ ဟာ…. မဟာဆီမဟာ သွေး ပဲဖြစ်ရတယ် လေ ….

ကျမတတ်အပ်တဲ့တာဝန် …ဟုတ်လား …အဲ့တာတွေက ….
၁။အကမျိုးစုံ ကပြ သင်ပြတတ်ရတယ်
၂။ တူရိယာပစ္စည်းမျိုးစုံ…တီးတတ်ရတယ် …
၃။ အခါရာသီအလိုက် သင့်တော်တဲ့ဝတ်စားဆင်ယင်မှု ကိုယ်တိုင်ရော… မင်းအခမ်းနားအတွက်ရော…ဘုရင်ကိုပါ…ဆင်မြန်းနိုင်ရတယ်
၎။ ရုပ်နဲ့ လိုက်တဲ့ ခြယ်သပြင်ဆင်မှု
၅။ အိပ်ယာ ကုတင် … ပန်းအလှပြင် ..စံအိမ်တော် ရှုမ၀ကျက်သရေနဲ့ပြည့်စုံအောင် ပြင်ဆင်မှု
၆။ လူအမျိုးမျိုး… နှစ်သက်ပျော်ရွှင်အောင်ပြုစုမှု
၇။ သေရည် သေရက် အမျိုးမျိုး ရောစပ်ရာမှာလိမ်မာမှု
၈။ ကာမမွေ့လျော်ပုံအမျိုးမျိုးအတတ်
၉။ လေး မြှားကျည်..ဒါဏ်ရာခွဲစိတ်ကုသပေးရတဲ့အတတ်
၁၀။ အချက်အပြုတ်ကျွမ်းကျင်လိမ်မာမှု
၁၁။ ပန်းချီ
၁၂။ အ၀တ်အစား တို့ကိုကိုယ်တိုင်စံပြချုပ်လုပ်တတ်မှု
၁၃။ ခလေးသူငယ်တို့အား စောင့်ရှောက်မှုအတတ်
၁၄။ ဘာသာမျိုးစုံကိုရေးနိုင်ဖတ်နိုင်ပြီး …တိုင်းတစ်ပါးမှ ဘုရင် မင်းသား စသည် သံတမန်များကိုပြုစုစဉ် …နိုငငံအတွက်သီတင်းအချက်အလက်များကို … နှိုက်ယူစုံစမ်းခြင်းအတတ် ….
၁၅။ ကွမ်းယာခြင်းအတတ်
၁၆။ အိမ်တွင်းပရိဘောဂနှစ်သက်ဖွယ်ထားသိုခြင်း …
၁၇။ လင်ယောက်ျားနှစ်သက်ကျေနပ်အောင်ပြုစုခြငး အတတ်နှင့်ပြန်လည် သင်ပြခြင်း အတတ်
၁၈။ နို့ ထောပတ် .. မလိုင် …ဒိန်ခဲ စသည်တို့ကိုကိုယ်တိုင်စီရင်ခြင်းအတတ်…။
ဒါ့အပြင် မင်းမှုထမ်းတို့ကိုလဲနိုင်ငံတော်တွက်ကြိုးစားချင်စိတ်ရှိအောင်သီချင်းစပ်ဆို ဖျော်ဖြေ ကပြခြင်း … ရဲစိတ် ရဲမာန်ပြည့်ဝအောင် သီချင်းများစပ်ဖျော်ဖြေပေးခြင်း …ဒါတွေ တတ်ရတာပေါ့ …။
( ပြည်သူတွေက ဘုရင်ကို တွေ့ရခဲသလို ကျမကိုလဲ တွေ့ခဲ ပါတယ် …. တစ်နှစ်တစ်ကြိမ် နိင်ငံသူနိုင်ငံသားတွေ မင်းမှုထမ်း ရဲမက်တွေကို သီချင်း သီကုံး ဖျော်ဖြေ ရတယ် ပြည်သူ တွေကလဲကျမကို သိတ်မြတ်နိုးတယ် )

ဒါကြောင့် နိုင်ငံတော်ကချေသည်ဆိုတာ …. နိုင်ငံဂုဏ်ဆောင် ပညာရှိ … မင်းမျိုးနွယ် ဆိုပါတော့

ကျမအမေနဲ့ ခေတ်ပြိုင် အမ္ဗပါလီဆိုတဲ့ ဝေသာလီက ကချေသည် ဆိုရင်လေ … မူးကြီး မတ်ကြီးတွေ ထက်တောင် ပညာသာလွန်တဲ့အပြင် … ဟော .. အခုဆိုရင် လေ ... ဗုဒ္ဓရဲ့ သမီးတော် ဘုရင်တောင်ဦးခိုက်ရတဲ့ ရဟန္တာ ထေရီမကြီးးး ဖြစ်နေပြီပေါ့ …

အင်း ..ကျမလဲတစ်နေ့နေ့မှာဗုဒ္ဓကို …ယုံကြည်သူဖြစ်မလားမသိဘူး …ဒါပေမယ့် … ကျမ ကတော့ လက်ရှိကျမရဲ့ပျိုမြစ်နုနယ်မှုကို …. သိပ်သဘောကျတယ် …. ကျမ ခြေထောက် လေးတစ်ချက်ခတ်လိုက်တာနဲ့ …. ဘုရင်ကအစ ..မင်းဆွေစိုးမျိုး သူဌေးတွေ ရဲ့ငွေ အား လုံး ကျမခြေထောက်အောက်ရောက်လာတာလေ ….

★ ဒေါက် ဒေါက် … ညီမရေ ..သူဌေးမင်းနဲ့တွေ့ရအောင် …

> ★ < သူ့နောက်ကနေ … ခပ်ယို့ယို့လိုက်သွားလိုက်တယ် …. ကျမရဲ့ကပ်လျှက် အခန်းထဲမှာ .. သူဌေးလေးကို .. သလွန်ညောင်စောင်းပေါ် ထိုင်နေတာတွေ့ရတယ် …

သူ … သေရည်ကို ရွှေခွက်နဲ့သောက်နေတုန်းအချိန် … ခန့်ငြားမွန်ရည်တယ် … အပူအ ပင် အကြောင့်အကျ … စိတ်သောကကို … သူ့စိတ်ထဲအရောက်မခံ ပုံပဲ …

ဥပတိရုပ် ကောင်းသလို … ဥတ္တရာပြောသလိုပဲ … ကာမသုခလ္လိကာနုယောဂ … ကျင့်သုံး အားသန်ပုံပဲ ဆိုတာအကဲခတ်လို့ရတယ် … ဘယ်လိုပဲဆိုဆို … သဘောထားဖြောင့်စင်းပြီး နှစ် လို ဖွယ် အဆင်း ရှိသူ လို့သတ်မှတ်ရမှာပါ…။

★ သီရိမာ …. ရောက်လာပါပြီ … အရှင့်သား ….

> ★ < သူကျမကို လှမ်းကြည့်လိုက်တယ် …ကျမလဲသူ့ကို စိုက်ကြည့်လိုက်တဲ့အချိန်မှာ … ကျိန်း သေပြီ … သူ့အကြည့်ကို ကျမရဲ့ရူပါရုံက သံလိုက်လို ဆွဲဆောင်သွားပြီ… မခွာ တော့ဘူး … သ ဥတ္တရာ ရှိနေတာ မသိတော့ဘူး …

★ ကဲ … သီရိမာ … ကိုယ့်အိမ် … ကိုယ့်ခင်ပွန်းလိုသဘောထား … ပျော်ပျော်နေနော် … အိမ်စေ အမှုလုပ်များ ကလဲ ရှင့်ကို .. ကျမနဲ့မခြား … ခစား ရိုသေကြပါလိမ့်မယ် ….

> ★ < ကိုယ့်ခင်ပွန်းလိုသဘောထား … ဒီစကားက ကျမကို ပီတိဖြစ်စေတယ် …

ကျမ ဥတ္တရာကိုခေါင်းညှိမ့်ပြလိုက်တယ် … နန္ဒကတော့ ကျမကိုခြေဆုံးခေါင်းဆုံး ကြည့်နေ ရာက မခွာနိုင်သေးဘူး …။

ဥတ္တရာထွက်သွားပါတယ် … သူကျမကိုကြည့်နေတုန်း …. ကျမသူ့နားတိုး သွားလိုက် တယ် …

★ ★ ဘာစကားမှမပြောတော့ဘူးလား … သီရိမာကိုအလိုမရှိဘူးလားဟင် …

★ ★ ★ အို…အို .. ဒီ..ဒီလို မဟုတ်ပါဘူး … ဗြုန်းကနဲဆိုတော့လေ … အံ့သြသွားလို့ပါ …

★ ★ ဘာလို့ …

★ ★ ★ နတ်သမီးတစ်ပါး ကျုပ်ရှေ့ရောက်လာတယ်လို့ … အိမ်မက်များ မက်နေသလားလို့ ပါ … လှလိုက် တဲ့ သီရိမာ၇ယ် … လှလိုက်တာ … ဒီနေ့ဒီရက်ထိ … သီရိမာ ကို … မတွေ့ခဲ့ရ
တာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ ...။

> ★ < ကျမလဲသူ့ကိုမြင်မြင်ချင်း စိတ်ဝင်စားမိတယ် … ဒီရက်တွေ သူ ကျမကို သူ့မျက်စိ အောက်က အပျောက်မခံဘူး … နောက်ဆုံး အစားအသောက်ကိုတောင် သီရိမာ ..ပြင်ဆင်ပေးမှ … အ၀တ်အစားကအစ သီရိမာ ဆင်မှ … ကျမတို့ ကမ္ဘာမှာ .. ဥတ္တရာ မရှိတော့ဘူး … ကျေးကျွန်တွေကလဲ ကျမကို … အိမ်ကြီးသခင် … သူဌေးကတော်ကြီးလို ..ရိုကျိုး ခစားကြတယ် … ကျမထင်တယ် .. သူကျမကိုလက်လွှတ်မခံတော့ဘူး … ကျမလဲ အိမ်ထောင်ရှင်မိန်းမတစ်ယောက် လိုပဲနေချင်လာတော့တယ် ….

ကျမတို့ … အချိန်တွေကိုမေ့နေကြတယ် …. သူက သူနဲ့ ကျမ စတွေ့တဲ့နေ့ကို သူနဲ့ ကျမရဲ့မင်္ဂလာအထိမ်းအမှတ်နေ့လို့သတ်မှတ်တယ် … သိပ်ပျော်နေခဲ့ကြတာ ..။

ဒီလိုနဲ့နန္ဒသူဌေးရင်ခွင်မှာ ကျမနေနေခဲ့တာ နှစ်ပတ်ပြည့်ခဲ့ပြီ ….

အင်း သမဏေ ဏ … သမဏော … ဂေါဏေ ဏ... ဂေါဏော တဲ့ …

ကိလေသာတပ်မက်သူနှင့် … တရားကျင့်သူ …
နေ့စဉ် ဗုဒ္ဓဝေယျာ ၀စ္စ နှင့် သီလမြဲသူ ဥတ္တရာနှင့် …. ကာမ ကို အလွန်အကြူးတပ်မက်သူ … နန္ဒ … စည်းဝါးမကိုက်နိုင်ပါဘူး ….

ကျမ နဲ့ နန္ဒ ကတော့ သံလိုက်နှင် သံကဲ့သို့ …. သိပ်လိုက်ဖက်တယ် …. ပြီးတော့ ကျမတို့နှစ်ယောက် မခွဲနိုင်တော့ဘူး … ကျမစိတ်ကို ကျမသိနေပြီ … ကျမ သူ့ကိုမခွဲနိုင် ဘူး ….

မနက်ဖြန်ဆယ့်ငါးရက်ပြည့်မြောက်ပြီ …. လင်သားကင်းမဲ့သောအိမ်သို့ပြန်ရတော့မည် … ငါဒီအိမ်ကိုသိပ်စက်ဆုတ်တယ် ….

အကယ်၍ ဥတ္တရာသေပြီး … ငါသာ နန္ဒ ဇနီးဖြစ် ခဲ့သော် … ကျမဆက်၍မတွေးချင်တော့ … ကျမစိတ်ထဲမှာပြင်းပြနေတာ … ကျမသာနန္ဒရဲ့ ဇနီးမယား … ဒီအိမ်ကြီးရဲ့သခင်မ …

နန္ဒ သလွန်တက်ကထပြီး … ပြူတင်းပေါက်မှာ သွားရပ်နေတာ တွေ့ရတယ် … ကျမက နန္ဒ မှီဝဲတဲ့ ရသာယနဆေးအတွက် ထောပတ် ပိသာလောက်ကို ..ကြေးအိုးနဲ့ကျိုနေတယ် … ထောပတ်တွေပွက်ပွက်ဆူနေပြီ …

ကျမ နန္ဒကို တစ်ချက်လှမ်းကြည့်လိုက်တယ် … သူပြူတင်းပေါက်ကနေ … အောက်ကို ငုံ့ ကြည့် ပီး …. ခေါင်းတညှိမ့်ညှိမ့်နဲ့ ပြုံးပြီး အခန်းထဲပြန်လှည့်ဝင်လာတယ် …

ဟင် …သူဘာကြည့်တာလဲ … ဘာလို့ပြုံးတာလဲ … ကျမအပြေးအလွှား ပြူတင်းနားကို သွားကြည့်လိုက်တယ် …

ချွေးသံ တရွှဲရွှဲ နဲ့ ဗုဒ္ဓနဲ့ သံဃာတွေအတွက် ဆွမ်းချက်နေတဲ့ … ဥတ္တရာပါလား

တောက် … ဒီမိန်းမ …

ဟားးးး …. တရားကိုပဲနှစ်သက်တဲ့ မိန်းမမှာ ဘာလို့ အဖိုးတန်လင်ယောက်ျားရှိရတာလဲ … ငါ့လို .. ပညာတတ် အရာရာပြည့်စုံပြီး လင်သားကို မကုန်ခမ်းနိုင်တဲ့ … သာယာမှု ပေးတတ် သူ မှာ ကျတော့ ဘာလို့ လင်သားမရှိရတာလဲ …

ကျမ သူမကို စူးစူးရဲရဲ ကြည့်နေချိန်မှာ … သူမကလဲ အမှတ်တမဲ့ … မော့အကြည့် … ကျမကိုလဲတွေ့ရော … လှမ်းပြီး ပြုံးပြတယ် ….

ကြည်လင် သန့်ရှင်းတဲ့အပြုံး … ကျမဒေါသကိုဆွစေတဲ့ အပြုံး … ငါ့လောက်မချော တဲ့မိန်း မမှာ … ဘာလို့ဒီလို စွဲမက်ဖွယ် ဖြူစင်အပြစ်ကင်းတဲ့ အပြုံး ရှိနေရတာလဲ ….

သင်းက .. ငါ့ကို ခုထိ အနိုင်ယူနေတုန်းပါလားးး …

ကျမဘာမှစဉ်းစားမနေတော့ဘူး … မီးဖိုပေါ်က ကျိုက်ကျိုက်ဆူနေတဲ့ ထောပတ်ဆီပူအိုး ကို … သတိထား မ လာပြီး … ဥတ္တရာခေါင်းပေါ် လောင်းချလိုက် ပါတော့တယ် …

>>> အမလေး … ဘယ့်နှယ် လုပ်လိုက်တာတုန်း …

>>> သခင်မကို ကယ်ကြပါအုန်း …..

ဝိုင်းအော်ကြသော အသံနှင့်အတူ … ယောက်ျားမိန်းမများ တ၀ုန်းဝုန်း အပေါ်ထပ်သို့ ပြေး တက်လာ ကြပြီး … ကျမကို ဆွဲထုတ် ရိုက်နှက်ကြပါတော့တယ် …

သူ့အခန်း ခနပြန်သွားတဲ့နန္ဒလဲ ပြေးထွက်လာပြီး …

★ ★ ★ ဟဲ့ ဟဲ့ သီရိမာကို မင်းတို့ဘယ်လိုပြုနေကြတာတုန်း … ဆိုပြီးတားတယ် …

>>> မဟုတ်ဘူး အရှင့်သား … သူသခင်မကို ..ထောပတ် ဆီပူရေတွေနဲ့လောင်းချတယ် အရှင့်သား ….

★ ★ ★ ဟင် … ဥတ္တရာ … ငါ့ရဲ့ဥတ္တရာ … သေရှာပြီလား …

> ★ < နန္ဒ အပူတပြင်း ပြေးဆင်းသွားတယ် …. ကျမသိသွားပြီ … ကျမရဲ့ဘ၀အမှန် …
ငါကားအခစားး …. ရိုင်းရိုင်းပြောရရင် ကြေးစား …. ဥတ္တရာက နန္ဒရဲ့ ကြင်သူသက်ထား … ဇနီးမယား ….

ထာဝရမယားဖြစ်လို၍ ပြုမှား မိသည့်တိုင်အောင် နန္ဒ၏ မေတ္တာစစ်ကား … ငါ့အပေါ်မှာ မဟုတ် … ဥတ္တရာ အပေါ်မှာသာ ရှိတာငါသိရပြီ …

ဝိုင်းဝန်းရိုက်နှက်နေတာကို နာမှန်းမသိတော့ဘူး … ရှက်ခြင်း .. ပူလောင်ခြင်း … ၀မ်းနဲခြင်း … ယူကျုံးမရဖြစ်ခြင်း ရောထွေးနေခဲ့တယ် … ဒီအချိန်မှာပဲ …

ဟဲ့ … ဟဲ့ … ငါ့ကျေးဇူးရှင် ခင်ပွန်းမကို အန္တရာယ် မပြုကြနဲ့ ရပ်ကြတော့ တော်တော့ ဆိုပြီး ကျမကိုယ်ပေါ်မှာလှဲချအုတ်မိုးပြီး … ၀င်ကာတဲ့ ဥတ္တရာကိုတွေ့လိုက်ရလျှင်ပဲ … ကျမလန့်လွန်းလို့ ကြက်သေသေသွားခဲ့တယ် ….

ထောပတ်ရေတွေတစ်ကိုယ်လုံးရွှဲရွှဲစိုနေပါ လျှက် … ထိုအပူဟာ သူ့မေတ္တာဓါတ်ကို မကျော်လွှားနိုင်ကြောင်း … မျက်စိနဲ့ တပ်အပ်မြင်တွေ့လိုက်ရတယ် ….

★ သူမတော်တဆပြုမိတာဖြစ်မှာပါကွယ် …

>>> မဟုတ်ဘူးအရှင်မ .. သူကျကျနနလောင်းလိုက်တာ … ကျမသေသေချာတွေ့လိုက်တယ် ….

★ ကဲ ..တော်ပါပြီ …ထားလိုက်ပါတော့ … ငါ့မှာမှအန္တရာယ်မဖြစ်ပဲကွယ် … စိတ်မဆိုးကြပါနဲ့ … သူဟာ သခင်မတို့ကျေးဇူးရှင်လေ … သူသာ အရှင့်သားကို လာမပြုစုမစောင့် ရှောက်ရင် .. သခင်မတို့လဲ … ၀ိတက် .. ၀ိစာရ ရှင်းရှင်းနဲ့ ဗုဒ္ဓကို ဆွမ်းလုပ်ကျွေး နိုင်မှာမဟုတ်ဘူးလေ … ကြည့်စမ်းပါအုန်း … သူ့ခမျာဒါဏ်ရာတွေတောင်ရနေရှာပြီ … မင်းတို့အားလုံး သူ့ကို တောင်းပန် လိုက်ကြ ….

သူကိုယ်တိုင် ပျာပျာသလဲ ဆေးလိမ်းပေးရှာတယ် …. နန္ဒကတော့ ကျမကို စူးစူးဝါးဝါး တစ်ချက်ကြည့်ပြီး အပါးက လှည့်ထွက် သွားတယ် ….

★ ★ ကျမ မှားပါပြီအမရယ် … အမက တစ်ကယ့် သူတော်ကောင်းပါ …

★ မငိုပါနဲ့ ညီမရယ် … မငိုပါနဲ့ … ပုထုဇဉ်ဆိုတာ … ရာဂပွားသလောက် မှားကြတာ ပဲလေ …

★ ★ ကျမတိုခွင့်လွှတ်တာ … အမကို သိပ်အံ့သြမိတယ် …. ကျမကို မမုန်းဘူးလားဟင် …။

★ ညီမလေးကိုမုန်းလိုက်ရင် …. ထောပတ်ပူတွေဟာ တစ်ကိုယ်လုံးကို … လောင်မြိုက်တော မှာပေါ့ … ကြည့်ပါလား … ညည်းလေးအမ ဘာမ မှ မဖြစ်တာ …။
ဒါဟာ အမက ညီမကိုမမုန်း ဘူဆိုတဲ့ အထင်ရှားဆုံးသက်သေပါပဲညီမလေးရယ် ….

ကျမသူ့ကိုဖက်ပြီး အားရပါးရငိုလိုက်တယ် ….

အခန်း ( ၃ )

အဲ့ဒီနေ့ကပဲ … ဥတ္တရာရဲ့ အကူအညီနဲ့ … ကျမအိမ်ကိုပြန်ခဲ့တယ် … ဗုဒ္ဓနဲ့ရဟန်း ၅၀၀ အတွက် ဆွမ်း ဆွမ်းဟင်းတို့ကို … တစ်ညလုံးကိုယ်တိုင်ချက်ပြုတ်ခဲ့တယ် ….

နောက်တစ်နေ့မှာ … ကျမပိုင်တဲ့ မြင့်ဖြူလေးကောင် ကတဲ့ ရထားလုံးပေါ်မှာ ဆွမ်းဟင်း အပြည့်နဲ့ … ဥတ္တရာအိမ်ကို ဒုတိယအကြိမ် … ရောက်လာခဲ့တယ် ….

ပထမတစ်ကြိမ်က … လျှပ်ပေါ်လော်လီသောစိတ်ဖြင့် …ကိုယ်တွင် လှသထက်လှအောင် … မာနဆောင်လာပြီး …

တခုတစ်ကြိမ်လာရာမှာတော့ …ကျိုးနွံအောက်ကျို့သော စိတ် … တစ်ညလုံးပင်ပန်း ထား သော်လည်း …. ၀င်ဝါမှုမရှိ ပကာသနမဆန်သောအ၀တ်တို့နှင့် …

ဖြူစင် တက်ကြွသော အပြုံးကိုဆောင်လျှက် ….. ဆွမ်းအုတ်ကို ခြေလျှင်သယ်လာသော ကျမကို … လမ်းသွားလမ်းလာများမြင်ပြီး … ပီတိသောမနသ ဖြစ်နေကြပါတယ် …

ဗုဒ္ဓကိုတွေ့လိုက်ရတဲ့အချိန်မှာ … လူအားလုံးက ဖခင် လို့ ခေါ်ရတဲ့အကြောင်းရင်းကို သိခဲ့ရတယ် ….

ဗုဒ္ဓ ကိုဒီနေ့ဒီရက်ထိ မဖူးတွေ့ပဲနေခဲ့တာ … ကျမကိုယ်ကျမ ခွင့်လွှတ်နိုင်စရာ အကြောင်း မရှိပါဘူး … မိသီရိမာ ….

လှလိုက်တဲ့သီရိမာရယ် …လှလိုက်တာ … ဒီနေ့ဒီရက်ထိ …သီရိမာကို … မတွေ့ခဲ့ရတာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ …. ။

မိန်းမယုတ် …. ။ (( ပြန်ကြားယောင်ပြီး ကျမကိုယ်ကျမ ကျိန်ဆဲမိ ပါပြီ )))

ဆွမ်းဘုန်းပေးပြီးနောက် …. ဗုဒ္ဓက ကျမကို ဂရုဏာ အပြည့်ပါတဲ့ အပြုံးနဲ့ လှမ်းကြည့် ပါတယ် … ကျမက

★ ★ ဖခင် … ယမန်နေ့က .. ကျမဟာ … ကျမရဲ့ကျေးဇူးရှင် … ဥတ္တရာကို မပြုကောင်း မပြု အပ သောအရာ … ထောပတ်ဆီပူလောင်းပြီးသေကြောင်းကြံခဲ့ပါတယ် … သူတော် ကောင်း ကိုစော်ကားမိတဲ့အတွက် … ကြီးစွာသော အပြစ်မှ လွတ်မြောက်ချင်တဲ့အတွက် …. ကြီးစွာသော နောင်တတရားနှင့်အတူ … အဖ ဘုရားရှင် ရှေ့မှောက် ရောက်လာခဲ့ ပါတယ် ….

★ ★ ★ ★ ချစ်သမီး …. သူတော်ကောင်းကိုပစ်မှားလျှင် … ကြီးစွာသော အပြစ်ရှိသည်ဟု မှတ်လေ လော့ …. ။

ချစ်သမီး … ချစ်သမီးတဲ့ … ဘ၀မှာ တစ်ခါမှမကြားဖူးခဲ့တဲ့ … လောကမှာ ကျမကို ဒီလို ခေါ်မယ့်သူ မရှိဘူးထင်ထားတာ …. မရှိဖူးတဲ့ ဖခင်ဆိုသူ ဆီက ကြား ချင်ဆုံးစကား …. ဗုဒ္ဓက ချစ်သမီးတဲ့ … ကျမမျက်ရည်တွေကျလာပါတယ် … ။

★ ★ ★ ★ ချစ်သမီးဥတ္တရာ … ထောပတ်ဆီပူရည်နှင့် လောင်းသောအခါ အသို့ရှိသနည်း ….

★ တပည့်တော်သည် …သီရိမာကျေးဇူးကြောင့် …ဒါနကိုပြုခွင့်ရပေသည် … သီလကို ဆောက်တည်ခွင့် ရပေသည်… ဗုဒ္ဓကို ဖူးတွေ့ဆွမ်းလုပ်ကျွေးခွင့်ရပေသည် …. သီရိမာ ကားကျေးဇူးရှင်ပေတကားဟု … လွန်စွာချစ်ကြည်သော မေတ္တာ ဓါတ်ဖြင့် ခံနေ ပါသည် ဘုရား ။

★ ★ ★ ★ သာဓု သာဓု သာဓု ဥတ္တရာ … အမျက်စောင်းမာန်ကြီးသူကို …. အမျက်မရှိခြင်းဖြင့်အောင်နိုင်ရာ၏ …။

သူတော်မဟုတ် အကျင့်ယုတ်သူကို ….
သူတော်အကျင့်ဖြင့်အောင်နိုင်ရာ၏

ဝန်တိုစဉ်းလဲ … စေးနဲသူကို ….
စွန့်ကြဲပေးကမ်း …. လှူဒါန်းခြင်းဖြင့်အောင်နိုင်ရာ၏ ….

ချွတ်လွဲဖောက်ပြန် … မမှန်စကားဆိုသူကို …
သစ္စာစကားဖြင့်အောင်နိုင်ရာ၏ ….

> ★ < ကျမ မျက်ရည်တွင်တွင် စီးကျသည်အထိ ပီတိဖြစ်ခဲ့ရသည် …. သည်မျှသော တရား အစုလေးဖြင့် ကျမစိတ်ကိုချက်ချင်းသိလိုက်ရသည် …

အယူအဆအလွဲများ … သို့လောသို့လော တွေဝေမှုများ …. အရေခွံ ကွာကျခဲ့သည် …
ဓမ္မအရသာကွန့်မြူးလျှက် … ပီတိဖြင့် ပေါ့ပါးကြည်လျှက်ရှိနေခဲ့သည်။

သံဝေဂတရား ချက်ချင်း ၇ရှိလိုက်သည် … စိတ်သည် … ၀ါဂွမ်းနှယ် ပေါ့ပါး ကြည်လင် သွားခဲ့ရသည် …

အိမ်ယာသည် ၄င်း … ဥစ္စာသည် ၄င်း … ကျမ၏ရူပကာယသည်၎င်း … အစရှိသော တပ်မက်မှု အားလုံးတို့သည် …. ကျမစိတ်ထဲမှ အပြီးတိုင် စင်ကြယ်သွားခဲ့သည် ….

သာဓု သာဓု သာဓု ချစ်သမီး သီရိမာ …. သင်ချစ်သမီးကား … အရိယာမဂ် ..အယဉ် အဆင့်သို့ … ဆိုက်ရောက်ခိုဝင်ပြီး ဖြစ်ပေပြီ ….။

လောက၏ဖခင် ဗုဒ္ဓ၏ စကားသည် … အမ ဥတ္တရာတို့ တိုက်ကြီးတစ်ခုလုံး သိမ့်သိမ့် တုန်သွား သည်ဟု … ကျမထင်လိုက်မိသည် … ကျမမျက်ရည်တွေကား ရွဲရွှဲစိုလျှက်ပင် ….။

ကဲရှင် သလ္လ၀တီဟာ အဘယ မင်းသားနဲ့အကြောင်းပါပြီး သားတော်ဇီဝကကိုမွေးခဲ့ပါတယ်တဲ့
ဒါဆို အမ္ဗပါလီဟာ ဗိမ္မိသာရနဲ့အကြောင်းပါပြီး သားတော်လေးတစ်ပါးဖွားမြင်ခဲ့တယ် …သူလဲ နာမည်ကြီး ရဟန္တာပဲ အဲ့တာဘယ်သူလဲရှင်

ချမ်းမြေ့ကြပါစေရှင် …..

Youtube တွင် သူမ၏ဗီဒီယိုများကို လူကြည့်အများဆုံးဖြစ်





သီချင်းဆို၊ ကာရာအိုကေ ဆိုတာကို ရုပ်သံရိုက်ပြီး အင်တာနက်မှာ တင်လိုက်ရင် တခြားမြို့ တခြားနိုင်ငံက မိတ်ဆွေတွေ ကြည့်နိုင် အားပေးနိုင်ပါတယ်။

အပျော်တမ်း ဆိုကြပေမယ့် တချို့က တော်တော်လေး အရည်အသွေး ပြနိုင်သူတွေပါ။ အဲဒီထဲမှာ အမျိုးသမီးတယောက်ရဲ့ သီချင်းတွေကို လူကြည့်များနေပါတယ် အခုရက်ပိုင်း။

သီချင်းတပုဒ်မှာတော့ သူအမည်က မေမြတ်မွန် ဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်ထားပေးပါတယ်။ သူ့အကြောင်းလည်း အကျဉ်းချုပ် မိတ်ဆက်ရာမှာ အိမ်ထောင်ဘက်နဲ့ သားနဲ့ ခွဲခွာခဲ့ရသူဖြစ်တယ်၊ သြစတေးလျမှာနေတယ်လို့ ဆိုပါတယ်။
"သားလေးကိုလည်း သူနဲ့ ပေးခဲ့ပါတယ်" တဲ့။
ခံစားချက်တွေကို သီချင်းလေးနဲ့ ပုံဖော်ထားပါတယ် တဲ့။ ခံစားချက်ကို သီချင်းနဲ့ ဖွင့်ချ၊ အွန်လိုင်းတင်တဲ့နည်းနဲ့ စိတ်ဖြေနေတာလည်း ဖြစ်နိုင်ပါတယ်။

အွန်လိုင်း တင်ထားတဲ့ နှစ်ပုဒ်သုံးပုဒ်ထဲမှာ မင်းချစ်သူရေးတဲ့ သီချင်း ရှင်နော်  ကို သူ ဆိုထားတာ  တော်တော်လေး ကောင်းပါတယ်။ ရှင်နော်ရဲ့ မူရင်းအဆိုတော်က တွင်ကယ်လ် ဖြစ်ပါလိမ့်မယ်။ Facebook မှာတော့ တယောက်က မေမြတ်မွန် ဆိုတာ "အရမ်းကောင်းပါတယ် ခံစားချက်အပြည့်နဲ့ဆိုထားတာ" လို့ မှတ်ချက်ပြုပါတယ်။

လူကြည့်များနေရခြင်းအကြောင်းရင်းက အဆိုကောင်းလွန်းလို့တော့ ဟုတ်ဟန် မတူပါဘူး။ လည်ပင်းဟိုက်လွန်းတဲ့အင်္ကျီဝတ်ထားတာကြောင့် ဖြစ်ပါလိမ့်မယ်။

ဒီအတိုင်းဆိုရင် သူ့ရဲ့ ရုပ်သံသစ်တွေ ထပ်ထွက်လာနိုင်ပါသေးတယ်။

အွန်လိုင်းမှာ သူ့ရုပ်သံကို ကြည့်ရသူတွေထဲက အများအပြားက မှတ်ချက်မျိုးစုံ ပေးထားကြပါတယ်။ အများစုကတော့ သူ့ ဝတ်စားဆင်ယင်မှုကို အပြင်းအထန် ဝေဖန်ထားကြတာပါ။ သူ ဘယ်လို အခြေအနေ ဖြစ်နေတယ် ဆိုတာကိုလည်း ခန့်မှန်းသူလည်း မနည်းလှပါ။

အခုတလော အင်တာနက်မှာ လူကြည့်အများဆုံးရုပ်သံထဲ ပါဝင်တယ်လို့ စစ်တမ်းတခုက ဆိုပါတယ်။

နာမည်ကြီးရန်အတွက် Sexy photo၊ Sexy pose များ ဆက်ရိုက်သွားမည့် အင်ဂျင်နီယာတစ်ဦး






ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို
ဝင်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပုံတွေကိုသာ ရိုက်ကူးနေပေမယ့်၊
သရုပ်ဆောင်ပိုင်းကို ပိုပြီး သဘောကျ ပါတယ်ဆိုတဲ့ ဇွန်သဉ္ဖာက “ဿွာနတ္တ”ဆိုတဲ့ ဗီဒိယို ဇာတ်ကားကို
ခေါင်းဆောင်မင်း သမီးအဖြစ် ရိုက်ကူးထားပြီး တခြား ဗီဒီယို ဇာတ်ကား အနည်းငယ်မှာလည်း
ပါဝင်သရုပ်ဆောင်ခဲ့ ဖူးပါတယ်။



Sexy ကျလွန်းတဲ့ ဓာတ်ပုံတွေကြောင့် အင်တာနက်ပေါ်က တခြားဝက်ဘ်ဆိုက် တွေမှာပါ သူ့ဓာတ်ပုံတွေကိုဖော်ပြခံနေရတဲ့ မော်ဒယ်လ် ဇွန်သဉ္ဖာရဲ့ Facebook မှာ သူငယ်ချင်း ငါးထောင်နီးပါးရှိပြီး Followers ပေါင်း၂ သောင်း နီးပါး ရှိနေပါတယ်တဲ့။


အွန်လိုင်းပေါ်မှာ မြန်မာပြည်ရဲ့ Nicki Minaj (အမေရိကန် အမျိုးသမီး Rap အဆိုတော်၊ သရုပ်ဆောင်) လို့ လူသိများတဲ့ တောင်ကြီးသူ ဇွန်သဉ္ဖာကို သူရိုက်ဖြစ်နေတဲ့ Sexy ဓာတ်ပုံတွေ ဘာကြောင့် ဘယ်လို
ရိုက်ဖြစ်နေလဲ၊ ဒီအပေါ်ကိုရော သူ့ရဲ့ ခံစားချက် ဘယ်လိုရှိသလဲ ဆိုတာကို ဧရာဝတီ သတင်းထောက်
မစပ်စုက မေးမြန်းစပ်စု ထားပါတယ်။



မေး။ ။ အခုလို အမူအရာပိုင်းနဲ့ ၀တ်စားဆင်ယင်မှု ပိုင်းမှာ ပွင့်ပွင့်လင်းလင်းနဲ့ သရုပ်ဆောင်
ရိုက်ကူးထားတဲ့ ဓာတ်ပုံ တွေကို ဘာကြောင့် Facebook ပေါ် တင်ဖြစ်ရတာပါလဲ။


ဖြေ။ ။ အစကတော့ ဘာရယ်မဟုတ်ဘူး။ ပုံတွေကို ဒီအတိုင်း ရိုက်ပြီးတင်တာပါပဲ။ ဒါပေမယ့်
အားပေးတဲ့သူတွေ များလာတဲ့အတွက်ကြောင့် သူတို့ကလည်း ဒီလိုပုံစံမျိုးကို ကြိုက်တဲ့အတွက်
ထပ်ပြီးတော့ Sexy ပုံစံတွေပဲ ရိုက်ဖြစ်သွားတာပါ။ ကိုယ့်မျက်နှာက Cute လည်း မဖြစ်ဘူး၊ Cute ပုံစံက
ကိုယ်နဲ့လည်း မလိုက်တဲ့အတွက်၊ ကိုယ့်မှာလည်း အားသာချက်က ခန္ဓာကိုယ် အလှ ရှိတဲ့အတွက် Sexy
ပိုင်းကို ဦးစားပေးရင်းနဲ့ တောက်လျှောက် Sexy ပုံစံပဲ ဖြစ်သွားတာပါ။ နောက်ပိုင်းလည်း အဲဒီလို Sexy
ပုံတွေပဲ ရိုက်ဖြစ်ဖို့ များပါတယ်။ ကိုယ့်ကို ပြန်ပြီး ပြောကြတဲ့ ပရိသတ်တွေကလည်း Sexy ပုံတွေပဲ
ရိုက်စေချင်တာ များတော့ သူတို့အားပေးတဲ့ နောက်ကို လိုက်ရင်းနဲ့ Sexy ပုံတွေပဲ ရိုက်ဖြစ်သွားတာပါ။


မေး။ ။ ဇွန်သဉ္ဖာ ရိုက်ဖြစ်တဲ့ ဓာတ်ပုံတွေက Facebook မှာပဲ သုံးဖို့လား။ ဒါမှမဟုတ် ဂျာနယ်တွေ
မဂ္ဂဇင်းတွေမှာရော အသုံးပြုဖို့ သီးသန့် ရိုက်ဖြစ်တာမျိုးကော ရှိလား။ ဒီလို ဓာတ်ပုံတွေကို ပြည်တွင်း
ဂျာနယ်တွေမှာကော သုံးလို့ရလား။


ဖြေ။ ။ အရင်တုန်းကတော့ ကိုယ့်ဖာသာကိုယ် ၀ါသနာပါလို့ ရိုက်ဖြစ်တာရှိတယ်။ နောက်ပိုင်း ကျတော့
ဂျာနယ်အတွက် ရိုက်ပေးတာတွေ များပါတယ်။ ဂျာနယ် လေးငါးခုလောက် အတွက် ရိုက်ဖြစ်တယ်။ သူတို့
ဂျာနယ်မှာ မပါခင် Facebook မှာ ကိုယ်က အရင်တင်ဖြစ်တယ်။ Facebook မှာ အရင်သုံးတယ်။
တချို့ကျတော့ Facebook မှာ အရင်တင်ပြီးတော့မှ ဂျာနယ် အတွက် ဓာတ်ပုံလိုချင်တယ် ဆိုတော့မှ
Facebook ကပုံကို ပေးလိုက်တာမျိုးလည်း ရှိပါတယ်။ ပုံတွေက နှစ်မျိုးစလုံး အတွက် အဆင်ပြေတယ်။
Facebook မှာလည်း သုံးတယ်၊ ဂျာနယ်အတွက် လည်းသုံးပါတယ်။ ဂျာနယ်တွေကျတော့ သူတို့ဘက်က
လာကမ်းလှမ်းတော့မှ Facebook မှာ ရှိပြီးသား၊ ပေါက်ပြီးသား ပုံလေးတွေ ပေးလိုက်ဖြစ်တာပေါ့။
သူတို့အတွက် သက်သက် မရိုက်ဖြစ်တော့ဘူးပေါ့။ တချို့ အရမ်း ဟော့တာတွေ ကျတော့
သူတို့မထည့်ရဲတာလည်း ရှိတယ်၊ ဒါပေမယ့် တချို့ကျတော့ ထည့်ရဲတယ်။ ကျမ ရိုက်ထားတဲ့ အပေါ်က
ဘရာအနက်နဲ့ ရက်ပါ ပုံစံဆိုရင် ဂျာနယ်တခုက ထည့်မယ်လို့ ပြောတယ်။ တချို့ကျတော့လည်း
ထည့်ရဲတယ်၊ တချို့ကျတော့လည်း မထည့်ရဲဘူး။ အဲဒီလိုတော့ ရှိပါတယ်။


မေး။ ။ ဇွန်သဉ္ဖာ ရဲ့ Facebook က ဓာတ်ပုံတွေကို တချို့လူတွေက ရိုင်းရိုင်းစိုင်းစိုင်း ပြောထားတာတွေ တွေ့ရတော့ အဲဒီ အပေါ်ကိုရော ဘယ်လို သဘောရလဲ။ ဒီလိုပုံတွေ ရိုက်ရင်၊ တင်ရင် ဒီလို ပြောကြမှာပဲ ဆိုတာကို သိရက်နဲ့ တင်ဖြစ်တာလား။


ဖြေ။ ။ တချို့တွေ တော်တော် မိုက်မိုက်ရိုင်းရိုင်း ရေးထားတာတွေ ရှိပါတယ်။ အရမ်းကြီး
ကိုယ်မခံနိုင်လောက်တဲ့ အရာမျိုး ဆိုရင်တော့ သူတို့ကို ဘာမှ ပြန်ပြော မနေတော့ဘူး။
အဆင်မပြေဘူးဆိုရင် ဘလော့ဂ် လိုက်တယ်။ ဒါပေမယ့် တချို့ ရေးထား တာတွေက အရမ်းကြီး မရိုင်းဘူး။ ကိုယ်တင်ထားတဲ့ ပုံနဲ့လည်း သူတို့စာတွေက စပ်ဆက်မှု ရှိနေတယ် ဆိုရင် သူတို့က အချိန် ပေးပြီး ကိုယ့်ကို လာရေးပေးထားတဲ့ အတွက် ဖြစ်နိုင်ရင် သူတို့ ကွန်မန့်တွေကို Delete မလုပ်ဘူး။ ဒီအတိုင်းပဲ ထားတာ များ တယ်။ ဒါပေမယ့် တချို့ကျတော့လည်း ပြောတယ်၊ အရမ်းမရိုင်းပေမယ့် ဖျက်ပစ်လိုက်ပေါ့။ ကိုယ်က မဖျက်ချင်ဘူးဆိုတာ သူတို့ကို Respect ပေးတာပေါ့နော်။ သူတို့ အချိန်ကုန်ခံပြီး ကျမ ပေ့ခ်ျကို ကွန်မန့်လာပေးထားတဲ့ အချိန်အတွက် လေးစားတဲ့ အနေနဲ့ မဖျက်ပါဘူး။ သိရက်နဲ့ လုပ်ဖြစ်တာပါ။ လူတွေ ဝေဖန်မယ်၊ မျိုးစုံပြောမယ် ဆိုတာလည်း ကြိုသိတယ်။ အဲဒီလိုပဲ သူတို့ပြောသလို အားပေးတဲ့ သူတွေကလည်း ရှိနေတော့ လုပ်ချင်တာကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်သွားတာပါ။ များသော အားဖြင့် သူတို့ပြောတာတွေကို သိသိနဲ့ လုပ်တာများပါတယ်။


မေး။ ။ ဒါကို နာမည်ကြီးချင်လို့ လုပ်တာလားဆိုတဲ့ အမေးအပေါ် ဇွန်သဉ္ဖာ ဘက်က
ဘာပြောစရာရှိပါသလဲ။


ဖြေ။ ။ အမှန်အတိုင်း ပြောရရင်တော့ နာမည်ကြီးချင်လို့ လုပ်တာ ပါပါတယ်။ အဓိကကတော့ ကိုယ်က နာမည်ကြီး သွားမယ်၊ Facebook ကနေ လူသိများမယ်၊ အဲဒီကနေတဆင့် အနုပညာလောကက ဒါရိုက်တာတွေ၊ အနုပညာ သမားတွေနဲ့ ရင်းနှီးမှုရမယ်။ အဲဒီကနေမှ အလုပ်တွေ အများကြီး လုပ်နိုင်တယ်ပေါ့။ ပြီးတော့ မြန်မြန် နာမည် ကြီးချင်လို့ ထိုးဖောက်တာ လည်း ပါပါတယ်။ ကိုယ်က ဘွဲ့ရပြီးပြီ၊ အသက်ကလည်း ၂၃ နှစ်ရှိပြီ၊ ၁၆ နှစ် သမီးလောက်က စလုပ်တာ ဆိုရင်တော့ ဖြည်းဖြည်းချင်း သွားလို့ရပေမယ့် ကိုယ့်အသက် အရွယ်နဲ့ကျတော့ အဲဒီလို တဖြည်းဖြည်းချင်း သွားနေရင် ဖြစ်ချင်မှ ဖြစ်မှာဆိုတော့ ဘာရယ် မဟုတ်ပါဘူး။ နောက် ကိုယ့်ကို အနုပညာ လုပ်ခွင့်ကလည်း အိမ်က တနှစ်၊ နှစ်နှစ်လောက်ပဲ ခွင့်ပြုထားတာ ဆိုတော့ အဲဒီအတောအတွင်း လေးကို မြန်မြန်လေး ပေါက်သွားအောင် ဆိုပြီးတော့ ဖြတ်လမ်းနည်း လုပ်ကြည့်တဲ့ သဘောလည်း ပါပါတယ်။ အိမ်က နှစ်နှစ်လောက် နေပြီးတော့မှ မအောင်မြင်နိုင်ဘူး ဆိုရင်တော့ မိဘတွေက ပညာရေးဘက်ကို ပြန်လုပ်စေချင် ပါတယ်။ အဲဒီကျရင် ကိုယ်ကလည်း တခုခုတော့ ပြန်စဉ်းစားရမှာပေါ့။ အဲဒါကတော့ လောလောဆယ် ဆက်လုပ်ဖြစ်၊ မလုပ်ဖြစ် ဆိုတာကတော့ အတိအကျ ပြောလို့မရသေးပါဘူး။


မေး။ ။ တခြား နိုင်ငံတကာ မိန်းကလေးတွေနဲ့ မတူဘဲ မြန်မာမိန်းကလေး ဆိုတဲ့ ကန့်သတ်ချက်
စည်းတွေ ဘောင်တွေများ လွန်းတဲ့ မြန်မာလူမျိုး မိန်းကလေး တယောက်အနေနဲ့ အခုလို Sexy ဆန်တဲ့
Pose တွေကို လုပ်နိုင်တဲ့ ဇွန်သဉ္ဖာရဲ့ ခံစားချက်က ဘယ်လို ရှိမလဲ။


ဖြေ။ ။ အဓိကက လုပ်နိုင်တယ်ဆိုတာကလည်း ပရိသတ်က Facebook က စပြီး တောင်းဆိုလို့ပါ။
သူတို့ရဲ့ တောင်းဆို ချက်ကြောင့် ဆက်ပြီးတော့ လုပ်ရဲသွားတာပါ။ သူတို့သာ ဆက်အားမပေးဘူး ဆိုရင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ရပ်သွား မယ်လို့ ထင်ပါတယ်။ ပုံတပုံ တင်လိုက်ရင် သူတို့အားပေးတဲ့ Like တွေ Comment တွေက ဆက်လုပ်ဖို့ အတွက် အများကြီး ဖြစ်စေပါတယ်။ အဓိကကတော့
သူတို့ကြောင့်ပါပဲ။


မေး။ ။ Sexy ဆန်တဲ့ ဓာတ်ပုံတွေရဲ့ ဘေးမှာ များသောအားဖြင့် တွေ့ရတတ်တဲ့ ကွန်မန့်တွေက
ဒီလောက်တောင် ပြချင် နေရင် နိုင်ငံဂုဏ်လည်း ဆောင်နိုင်မယ့် နိုင်ငံတကာ မယ်ပြိုင်ပွဲတွေမှာ အကျိုးရှိရှိ ဖော်ချွတ် ပြပါလားဆိုတဲ့ အပြောတွေပါပဲ။ အဲဒီအပေါ်ကိုရော ဘယ်လို သုံးသပ်ချင်ပါသလဲ။


ဖြေ။ ။ သူတို့ကိုတော့ ကျေးဇူးတင်ပါတယ်။ ကိုယ့်ကို ဒီလိုမျိုးပြိုင်စေချင်တဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် ကိုယ့်အနေနဲ့ ကျတော့ အဲဒီလောက်အထိ ယုံကြည်မှု မရှိဘူးလို့ ပြောလို့ရပါတယ်။ နောက်ပြီး အဲဒီလို ၀င်ပြိုင်ပြီးတော့ မရတဲ့အခါမှာ ဖြစ်လာမယ့် စိတ်ဓာတ်ကျမှုကိုလည်း မခံစားနိုင်ဘူး။ အဲဒါကြောင့် များသောအားဖြင့် ပြိုင်ပွဲတွေ ၀င်မပြိုင်ဖြစ်ဘူး။ ကိုယ့် ပုံစံကလည်း မော်ဒယ်လ် တယောက်နဲ့ မတူဘဲ
မယ်တယောက်လို ဖြစ်နေတော့ စင်ပေါ်မှာ များသောအားဖြင့် နိုင်ငံတကာက မော်ဒယ်လ်ပုံစံတွေပဲ
ရွေးတော့လေ မရနိုင်ဘူးလို့ တွက်ထားလို့ မပြိုင်ဖြစ်တာလည်း ပါပါတယ်။


မေး။ ။ နိုင်ငံတကာ မှာလည်းရှိပါတယ်။ လိင်အသားပေး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေသာ
သီးသန့်ရိုက်ကူးလေ့ရှိတဲ့ မော်ဒယ်လ် သရုပ်ဆောင် ဆိုတာပေါ့။ ဆိုတော့ ဇွန်သဉ္ဖာ ဖန်တီးချင်တဲ့
ရှေ့လျှောက် အနုပညာပုံရိပ်က ဘယ်လို ဖြစ်မလဲ။


ဖြေ။ ။ ကျမ အဓိက ဖြစ်ချင်တာကတော့ သရုပ်ဆောင် ဖြစ်ချင်တာပါ။ သရုပ်ဆောင်ပိုင်းကို
ဦးတည်ရင်းနဲ့မှ မော်ဒယ်လ်လည်း ဖြစ်ဖို့ လိုအပ်တယ်လို့ ထင်လို့ မော်ဒယ်လ် သင်တန်းတွေတက်ပြီး
Facebook ကိုလည်း ဓာတ်ပုံတွေ တင်ဖြစ်တာပါ။ အဓိကကတော့ သရုပ်ဆောင် လုပ်မှာဖြစ်တဲ့အတွက်
နောက်ပိုင်းကျရင် ဓာတ်ပုံရိုက်ရင် ဒါကတော့ ဓာတ်ပုံ အနေနဲ့ ရိုက်တာပေါ့။ Sexy photo အနေနဲ့ Sexy
pose အနေနဲ့ပဲ ရိုက်မှာပါ။ လိင်အသားပေးတို့ ဘာတို့ အထိတော့ သွားဖို့မရှိပါဘူး။ Sexy ဆိုရင် တော့
Sexy လိုင်းတလိုင်းပဲ ရိုက်မယ်။ ဖြစ်ချင်တာကတော့ သရုပ်ဆောင် ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းကို
ဦးစားပေးပြီး လှုပ်ရှားသွားဖို့ရှိပါတယ်။


မေး။ ။ လက်ရှိ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာကို သွားပြိုင်နေတဲ့ မယ်တွေကိုတောင် ရေကူးဝတ်စုံနဲ့
တွေ့ရင် အမျိုးမျိုး ဝေဖန်ချင် နေတာဆိုတော့ အဲဒီအပေါ်ကိုရော ဘယ်လိုမြင်လဲ။


ဖြေ။ ။ ကျမကတော့ သဘောကျပါတယ်။ မိန်းမတယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ တကယ့်အလှကို
အဲဒီတော့မှ အစအဆုံး မြင်ရတာပါ။ မယ်တယောက်ရဲ့ အလှအပကို ဒီလို ၀တ်ပြီးပြတယ်၊ ဒါကို စိတ်ထဲမှာဟော့တယ်၊ ရိုင်းတယ်လို့ မထင်ပါဘူး။ အရင်ခေတ်က မယ်တွေလည်း ဒီလိုမျိုး ၀တ်ခဲ့ရတာ ဆိုတော့လေ။ သူတို့ အခုလို နိုင်ငံတကာနဲ့ ယှဉ်တဲ့ အခါမှာ ဒီလို ၀တ်တယ် ဆိုတာကလည်း ခန္ဓာကိုယ် တခုလုံးမှာ ချွင်းချက် မရှိအောင် လှတယ်ဆိုတာကို ပြသတဲ့အတွက် သဘောကျ ပါတယ်။ အခုလိုမျိုး မယ်တွေအနေနဲ့ ရေကူးဝတ်စုံ ၀တ်ပြီး ပြိုင်ရတဲ့အခါ မြန်မာပရိသတ်တွေ အနေနဲ့ ၀ိုင်းပြီး ဝေဖန်ကြ တယ်ပေါ့။ သူတို့ပြောတာတွေကို စိတ်ထဲမှာ ထားမနေဘဲ ကိုယ်လုပ်စရာ ရှိတာကို ရှေ့ဆက် လုပ်သွားရမယ်လို့ ကျမ ခံယူပါတယ်။ ဒီလို ပြိုင်ပွဲဝင်တဲ့အခါမှာ နိုင်ငံတကာ အဆင့်မီ ကိုယ့်ခန္ဓာကိုယ်မှာ ရှိတဲ့ အလှအပ အကုန်လုံးကို ပြခွင့်ရတယ်။ ကိုယ့်နိုင်ငံ ဂုဏ်ဆောင်နိုင်တဲ့ အတွက် ကိုယ့်ဘာသာကိုယ် ဂုဏ်ယူရမှာ၊ ကိုယ့်အလှကို ကမ္ဘာကို ချပြခွင့် ရတဲ့အတွက် ဂုဏ်ယူရမှာပါ။ အမြင်မတူသူတွေ ကတော့ ရှိမှာပေါ့လေ။ ဒါပေမယ့် အကုန်လုံး အကြိုက်ကို လိုက်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ကိုယ်လုပ်စရာ ရှိတာကို ကိုယ့်ခံယူချက်နဲ့ကိုယ် ရှေ့ဆက်သွားဖို့ လိုပါတယ်။ ။